Saturday, March 14, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ နိုင်ငံရေး၊ လုံခြုံရေးကိစ္စဆွေးနွေး

    စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့ နိုင်ငံရေး၊ လုံခြုံရေးကိစ္စဆွေးနွေး

    -

    စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခြေအနေနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    နေပြည်တော်တွင် ဩဂုတ် ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တာ တွေ့ဆုံခဲ့ကြပြီး NSPNC မှ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်အရ သိရသည်။

    ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက “၂၀၀၈ ခြေ/ဥ ကိစ္စတွေပါတယ်၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စတွေ၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေပါတယ်” ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ နှစ်ဖက် အဆိုပြုချက်များ၊ ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

    သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်မလဲဆိုသည်ကိုတော့ ဖော်ပြခြင်း မရှိပေ။

    စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် မကုန်ခင် သန်းခေါင်စာရင်း အပြီးသတ်ကောက်ယူမည်ဖြစ်ပြီး လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသည်။

    သို့သော်လည်း နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ တပ်မ၊ တပ်စခန်းအများအပြားကို တော်လှန်ရေးအင်အားစုတို့က သိမ်းပိုက်ထားသလို မြို့ပေါင်း ၇၀ ကျော်ကိုလည်း သိမ်းယူရရှိထားသည့်အတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပမည့်အစီအစဉ် ဖြစ်နိုၚ်ချေနည်းသည်ဆိုပြီး သုံးသပ်မှုလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks