မေး။ ။၈၈၈၈ အရေးအခင်းကနေ ဘယ်လိုအခက်ခဲမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီး အဲ့တုန်းကခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ကို ပြောပြပေးနိုင်မလား။
ဖြေ။ ။၁၉၈၈ သြဂုတ်လမတိုင်ခင်တုန်းက မြန်မာနိုင်ငံမှာက ၁၉၈၇လောက်ကတည်းကအခြေအနေဆိုးခဲ့တယ်။ မဆလအစိုးရခေတ်က စစ်အာဏာရှင်တစ်ဝက်ပေါ့၊ပြည်သူတွေစီးပွားရေးပျက်ပြား၊ ငွေကြေးဆုံးရှုံး၊ ၈၇ ရောက်တော့ကျောင်းသား တို့က ဆန္ဒပြလာတော့ ကျောင်းပိတ်လိုက်တယ်၊ ၈၈ ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်တွေမှာဆန္ဒထွက်ပြပြီးအစိုးရပြောင်းဖို့အရေးနဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်သွားရန်နဲ့ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေး၊ တန်းတူအခွင့်အရေးတွေကို တောင်းဆိုလာကြတယ်။ အဲ့တော့ စစ်တပ်ကပစ်ခတ်ဖြိုခွင်းမှုလုပ်ဆောင်တယ်၊ ကျောင်းသား တော်တော်များများ ထောင်ကျ၊ အချုပ်ကျပေါ့၊ သြဂုတ်ရောက်တော့ ကျောင်းသားအချင်းချင်းရတဲ့နည်းနဲ့ဆက်သွယ်ကြတယ်။ အားလုံး ၈၈၈၈ နေ့ရောက်ရင် မြို့ရွာ တွေတိုင်းပေါ့ ဆန္ဒပြဖို့ထွက်ရအောင်ပေါ့၊ ၈၈၈၈ နေ့ကတော့ရန်ကုန်နဲ့မန္တလေး အရင်စဖြစ်တယ်၊ အဲ့ဩဂုတ်တစ်လလုံးဆိုရင် ဆန္ဒပြမှုတွေနဲ့ပေါ့၊ မွန်ခေါင်းဆောင်တို့က လည်းမြို့/ရွာတွေမှာ ဆန္ဒပြမှုတွေစတင် လုပ်ဆောင်တယ်၊ မော်လမြိုင်မှာက အာဏာမသိမ်းခင် တစ်ပတ်လောက်မှာစပြကြတယ်။ အဲ့တုန်းက ဒီမိုကရေစီရဖို့အတွက်တစ်ခုမဟုတ်ဘဲ တိုင်းရင်းသားတို့ ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်၊ပါတီစုံဒီမိုကရေစီ စနစ်စသဖြင့် ပြည်သူလူထုရဲ့ ကြွေးကြော်သံထွက်ပေါ်လာတယ်။ စက်တင်ဘာ ၁၈ မှာအာဏာ သိမ်းလိုက်တယ်၊ အဲ့ကနေ တော်လှန်ဖို့ ထွက်လာကြတယ်ပေါ့။
မေး။ ။၈၈၈၈ အရေးအခင်းကနေ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲရောက်တော့ အပြောင်းအလဲတွေက ရောဘယ်လိုရှိပါသလဲ။
ဖြေ။ ။စစ်အာဏာရှင်စနစ်ပါပဲဘာမှမပြောင်းလဲလာပါဘူး၊ စစ်တပ်ကတစ်ဖြည်းဖြည်းနဲ့အင်အားခိုင်ခိုင်မာမာနဲ့ အချိန်ယူတည်ဆောက်ထားတော့ အဲ့တုန်းကစစ်တပ်ကိုလွယ်လွယ်တိုက်မနိုင်ဘူး၊ ၉၅ ရောက်တော့ မွန်ပြည်သစ် ရော KIO တို့ အပစ်ခတ်ရပ်စဲခဲ့ကြတယ် ၈၈ မျိုးဆက်ကျောင်းသားတွေက တစ်ကွဲတစ်ပြားနဲ့ ထိုင်းရောက် နိုင်ငံခြားရောက်ဖြစ်ကုန်တယ်၊ စစ်တပ်ကတော့အင်အားခိုင်မာလာပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲလာကြတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ၁၀ နှစ်ကြာအောင် ရေးဆွဲခဲ့ကြတယ်၊ သူတို့ အာဏာထိန်းထားခဲ့တယ်၊ ၂၀၀၈ခုနှစ် မေလရောက်တော့ သူတို့အတည်ပြုခဲ့ကြတယ်၊ ၂၀၁၀ ရောက်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက် အထွေထွေ ရွေးကောက်ပွဲ ကိုကျင်းပခဲ့တယ်၊ ဒီမိုကရေစီရချင်ရင်ယူဆိုပြီးတော့၊ ၂၀၁၀ မတိုင်ခင် ကတော့နိုင်ငံတွင်း သယံဇာတတွေကိုအများအပြားရောင်းချပြီး၊ စစ်တပ်အင်အားကိုခိုင်မာစွာတည်ဆောက် နေခဲ့တယ်။ စစ်ဗိုလ်ခေါင်းဆောင်တို့ကလည်းပိုင်ဆိုင်မှုတွေများလာခဲ့ကြတယ်၊ ပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးတယ်။
မေး။ ။အရင် ၈၈၈၈ တော်လှန်ရေးနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းစတင်ခဲ့တဲ့တော်လှန်ရေးက ဘယ်လိုမျိုး ကွာခြားသလဲရှင့်။
ဟုတ်ကဲ့ ယခုတော်လှန်ရေးနှင့် အရင်ခေတ်ကတော့အများကြီးကွာခြားတာပေါ့၊ အရင်ခေတ်ကတော့ပြည်သူတွေပါဝင်မှု အားမကောင်းခဲ့ဘူး၊ ကျောင်းသားတို့ပဲဦးဆောင်ကြတယ်၊ လက်နက်ကိုင်တောထွက်လာကြတဲ့ ကျောင်းသားအရေအတွက်ဆိုလည်းသိပ်မများဘူး။”
မေး။ ။စစ်ရေးအပိုင်းမှာရောလက်ရှိတော်လှန်ရေးနဲ့ ၈၈၈၈ တုန်းက ဘယ်လိုကွာခြားပြောင်းလဲမှုတွေရှိသလဲရှင့်။
ဖြေ- အာဏာသိမ်းလိုက်တော့ ပြည်သူတွေစီးပွားရေးအပိုင်းပျက်ပြားလာတယ်၊ စစ်သားတွေ အင်အားလည်း ယုတ်လျော့လာတယ်၊ ဆိုရှယ်လစ်ခေတ်က သယံဇာတတွေထုတ်တာနည်းနေတယ်။ သစ်တွေ၊ ငါးတွေစသဖြင့် အမျိုးမျိုးပေါ့နော် ထိုင်းဘက်၊ တရုတ်ဘက်ကိုရောင်းတယ်။စစ်တပ်ကိုခိုင်မာအောင်တည်ဆောက်တယ်ပေါ့၊ အရင်က EROS တပ်အတော်တော်များများက နယ်စပ်မှာပဲလှုပ်ရှားတယ်။ နယ်စပ်ကို စစ်ကြောင်းထိုးတိုက်တော့နိုင်သွားတယ်။ ဗဟိုKNUလို့လည်း ဗဟိုတပ်ပေါင်းစုလို့လည်းခေါ်ကြတယ်၊ ၉၅ ရောက်တော့ ကျရှုံးသွားတယ်၊အဲ့တုန်းကအင်အားကောင်းတာက KNU/ DKBAတို့ပေါ့ ခွဲထွက်အောင်လည်းသွေးထိုးတယ်ပေါ့ ၉၅ မှာကတော်လှန်ရေးတော်တော်အားနည်းလာတယ်။”
မေး။ ။၈၈၈၈ အရေးအခင်းကနေ ဘယ်လိုအခက်ခဲမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီး အဲ့တုန်းကခံစားခဲ့ရတဲ့အတွေ့အကြုံတွေကို ပြောပြပေးနိုင်မလားရှင့်။
ဖြေ။ ။တော်လှန်လှုပ်ရှားနေတာကတက္ကသိုလ်ကျောင်းသူကတည်းက လူမျိုးလွတ်မြောက်ရေး အကျိုးတူခံစားခွင့် အတွက်ကြိုးပမ်းလုပ်ဆောင်လာတော့ ၈၈၈၈ တုန်းကတောခိုထွက်ကြတာလိုမျိုး
မဟုတ်ဘဲလှုပ်ရှားနေတာ တော့ရှိတယ်။အဲ့တုန်းက ဒီမိုကရေစီရရှိရေးကိုကြွေးကြော်ကြတယ်၊ကျောင်းသားတော်တော်များတော့ တော်လှန်ရေးနယ်မြေထဲရောက်ကြ၊ ABSDFဆိုပြီးဖြစ်လာကြ၊ ကျမကတော့ ဒီမိုကရေစီအတွက်ဆိုပေမဲ့ လူမျိုးရေး လွတ်မြောက်ဖို့အတွက်ကပိုပြီးလုပ်ဆောင်တယ်။ ၉၂ရောက်တော့မှလွတ်မြောက်နယ်မြေဘက်ရောက်ရှိလာတယ်။ ၈၈၈၈ ကနေဒီကနေ့အထိ တော်လှန်ရေးလုပ်ဆောင်ခဲ့ကြတာရှိပါတယ်။”
မေး။ ။၈၈၈၈ အရေးအခင်းကနေ ၂၀၁၀ ခုနှစ်အထွေထွေရွေးကောက်ပွဲရောက်တော့ အပြောင်းအလဲတွေက ရောဘယ်လိုရှိပါသလဲရှင့်။
ဖြေ။ ။၈၈ ကနေ ၉၀ ရောက်တော့ရွေးကောက်ပွဲလုပ်ပေမဲ့ လက်မခံခဲ့ဘူး။ ရွေးကောက်ခံကိုယ်စားလှယ်တော်တော် များများလည်းတိမ်းရှောင်၊ နိုင်ငံခြားရောက်သွားကြတယ်။ ၂၀၁၀ရောက်ပြီး နှစ် ၂၀ ကြာတော့ရွေးကောက်ပွဲ လမ်းစဖွင့်လာတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အထိက ထွက်ပေါက်ည နည်းနည်း ရလာတယ်လို့မြင်တယ်။”
မေး။ ။အရင် ၈၈၈၈ တော်လှန်ရေးနဲ့ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းစတင်ခဲ့တဲ့တော်လှန်ရေးက ဘယ်လိုမျိုး ကွာခြားသလဲရှင့်။
ဖြေ။ ။၂၀၂၁ ကတော့ ငြိမ်းချမ်းစွာနဲ့ဆန္ဒပြကြပေမဲ့၊ ဖြိုခွင်ဖျက်ဆီးရာကနေ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ မလုပ်ဆောင် နိုင်ခဲ့ရာကနေ ပြန်လည်တိုက်ခိုက်ရင်းနဲ့ ဆန္ဒပြရမယ့်လမ်းကိုရွေးချယ်လာကြတယ်။ လူငယ်တွေက အဖွဲ့ကိုယ်စီနဲ့ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေဘက်ကိုထွက်လာခဲ့ကြတယ်။ လူမျိုးရေးအဖွဲ့အစည်းတို့ထံမှ အင်အားတွေနဲ့စုပေါင်းပြီး လုပ်ဆောင်ကြတယ်။ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ပဲအားလုံးက ခံယူချက်ချင်း တူစွာနဲ့တိုက်ပွဲဝင်တယ်။ ဒီ ၃ နှစ်တာကာလအတွင်း ကျောင်းသားတပ်ဖွဲ့တို့သာမက PDFတွေ ကလည်းသူ့နေရာ နဲ့သူ ၈၈၈၈နဲ့မတူညီစွာဖြင့် အခုအထိတိုက်ပွဲဝင်နေကြဆဲဖြစ်တယ်။ နောက်ပြီး ၈၈၈၈ တုန်းက လိုမျိုး မပြီးဆုံး သွားဖို့အရေးကလည်းဆွေးနွေးကြိုးပမ်းတယ်၊ ဒါ့အပြင် နိုင်ငံရေးနဲ့စစ်ရေး ဟန်ချက်ညီစွာနဲ့ လုပ်ဆောင်တယ်။ အရင်ခေတ်က ဒီမိုကရေစီ၊ အခုက ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအပိုင်းမှာလည်း NUCCမှာ နိုင်ငံရေး ဆွေးနွေးမှု အပိုင်းတွေကို လုပ်ဆောင်နိုင်ခဲ့တယ်။မတူညီတဲ့အကြောင်းတွေပေါ့နော်။
မေး။ ။ စစ်ရေးအပိုင်းမှာရောလက်ရှိတော်လှန်ရေးနဲ့ ၈၈၈၈ တုန်းက ဘယ်လိုကွာခြားပြောင်းလဲမှုတွေရှိသလဲရှင့်။
ဖြေ။ ။စစ်ရေးအပိုင်းကျတော့ တစ်ဖြည်းဖြည်းနဲ့အင်အားလျော့လာတယ်လို့ပဲမြင်တယ်၊တော်တော်များများ မြို့သိမ်းနိုင်တာလည်းတွေ့ရတယ်။ စကစက အခြားနိုင်ငံတွေကနေအကူညီ တောင်းဆို တာတွေလုပ်ဆောင် နိုင်တာတွေ စစ်လက်နက်ပစ္စည်းဆိုလည်းမစုံလင်သော်လည်း ပြည်သူ့အားနဲ့ စိတ်ဓာတ်နဲ့ပဲ အခုအချိန်ထိ တိုက်ပွဲဝင်နေကြတယ်။ ၈၈ တုန်းကစစ်အာဏာရှင်က ဖျက်ဆီးပေမဲ့ ဒီလောက်ထိတော့မဆိုးဝါးဘူး။ အခြေအနေ ကကွာခြားပါတယ်၊ အခုက အဆိုးဆုံးအခြေအနေတွေကပိုများတယ်ပေါ့၊ ပြည်သူတွေက အများဆုံးနဲ့ အဆိုးဆုံး ရင်ဆိုင်နေရတယ်။