Thursday, March 12, 2026
More
    spot_img
    Homeသတင်းGoogle နှင့် Signal သုံးစွဲသူတို့ စစ်ဆေးမေးမြန်းခံရမှုများနေပြီး လွတ်လပ်စွာသုံးစွဲခွင့်မရှိနေဟုဆို

    Google နှင့် Signal သုံးစွဲသူတို့ စစ်ဆေးမေးမြန်းခံရမှုများနေပြီး လွတ်လပ်စွာသုံးစွဲခွင့်မရှိနေဟုဆို

    -

    မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့တို့မှ Google နှင့် Signal App သုံးစွဲသူတို့ကို ပိုမိုစစ်ဆေးမေးမြန်းနေခြင်းကြောင့် လွတ်လပ်စွာသုံးစွဲခွင့်မရနေကြောင်း အင်တာနက်သုံးစွဲသူလူငယ်တို့ကြား ပြောဆိုလျှက်ရှိသည်။

    ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့တို့မှ လက်ကိုင်ဖုန်းစစ်ဆေးမှု တင်းကြပ်စွာလုပ်ဆောင်လာပြီး signal ၊ vpn နှင့် Google သုံးစွဲသူတို့ကို ဒဏ်ကြေးပေးဆောင်မှု၊ ဖမ်းဆီးမှုထိန်းသိမ်းမှုအပြင် အပြန်အလှန် ဆက်သွယ်နိုင်သည့် လူမှုဆက်သွယ်ရေးကွန်ယက်တို့ကို နည်းမျိုးစုံဖြင့် ပိတ်ပင်နေသည်ဟု သိရသည်။

    “signal သာသူတို့တွေ့သွားရင်ဒုက္ခလှလှတွေ့တာပဲ၊ PDFနဲ့ဆက်သွယ်ထောက်ပံ့တာ တော်လှန်ရေးလုပ်တာပဲ သူတို့သတ်မှတ်တော့ ဘာအလုပ်ကိစ္စပဲ ပြောပြောမရတော့ဘူး၊ အွန်းလိုင်ရောင်းသူကအစပဲပေါ့နော် မြို့ထဲသွားရင် ရှင်းထားရတာပဲ၊ သူတို့တစ်ခုခုတွေ့ရင်ကိုယ်ကဘာမှမလုပ်နိုင်ဘူး ဖမ်းရင်ဖမ်းမဖမ်းရင်ဒဏ်ငွေဆောင်ရတာ”ဟု မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

    ၎င်းအပြင် ယခင် Signal app အသုံးပြုသူတို့သည် VPN ဖြင့် ချိတ်ဆက်အသုံးပြုရန်မလိုသည့်အပြင် အခြား Application တို့ထက်လုံခြုံမှုရှိနေခြင်းကြောင့် သုံးစွဲသူများလျှက်ရှိပြီး စစ်ကောင်စီမှ တော်လှန်ရေးအဖွဲ့နှင့် ဆက်သွယ်နေသည်ဟုစွပ်စွဲချက်တို့ကြောင့် ၎င်းအစား Telegram ဖြင့်သာ ဆက်သွယ်နေရသည်ဟု ဆိုသည်။

    လက်ရှိတွင် အင်တာနက်အမြန်နှုန်းလျှော့ချထားခြင်းကြောင့် အလုပ်ကိစ္စ အသံဖိုင်ပို့ဆောင်ခြင်း၊ video ဒေါင်းလုပ်ဆွဲမှု အချိန်ကြန့်ကြာခြင်းနှင့် သတင်းဌာနဝက်ဆိုဒ်များ၊ Google များကိုလည်း ဝင်ရောက် ကြည့်ရှုရန်ခက်ခဲနေသည်ဟု မော်လမြိုင်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

    သတင်းစီးဆင်းမှုနည်းစေရန် စစ်ကောင်စီမှ vpn ဆော့ဝဲလ်အသုံးပြုမှုကို ပြီးခဲ့သည့် မေလကုန်ပိုင်းမှစ၍ ပိတ်ပင်ထားပြီး ဖမ်းဆီးမှုတို့ကိုလည်း လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။

    “data တွေအကုန်ဖျက်ရတာပဲအပြင်သွားရင် VPNကိုတွေ့ရင်မဖမ်းဘူးပြောနေလည်းယုံစားမရဘူး၊ telegram တို့က ဇာတ်ကားကြည့်လို့ပြောနိုင်တယ်။ မော့ကနင်းရွာထိပ်ဆိုနေ့တိုင်းလိုလို ဖုန်းစစ်တယ်။ ဓာတ်ပုံ ဗီဒီယိုက အစပေါ့ ဖမ်းခံရတဲ့သူလည်းရှိတယ်၊ ”ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    လတ်တလော နိုင်ငံတစ်ဝှမ်း အင်တာနက် အမြန်နှုန်းနှေးကွေးခြင်းကြောင့်မဟုတ်ဘဲ လူမှုကွန်ယက်မှ လွတ်လပ်သည့် သတင်းဌာနစာမျက်နှာများကို စစ်ကောင်စီမှ နည်းပညာဖြင့် ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်မှုလုပ်ဆောင်လာနေကြောင့် သတင်းစီးဆင်းမှု ရပ်တန့်လာနေကြောင်း လေ့လာစောင့်ကြည့်နေသူတို့က ဆိုသည်။

    ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၃ နှစ်တာအတွင်း စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း အင်တာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း ၃၀၀ နီးပါးအထိ ပြုလုပ်ခဲ့သည်ဟု မြန်မာအင်တာနက် ပရောဂျက်အဖွဲ့မှ အစီရင်ခံစာအရ သိရသည်။

    အင်တာနက်ဖြတ်တောက်ရာတွင် အမြန်နှုန်း လျှော့ချခြင်း လူသုံးများသည့် (Social Media) ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များ၊ လူအသုံးများသည့် လူမှုကွန်ရက်မီဒီယာများကို ပိတ်ပင်ခြင်းနှင့် အင်တာနက် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks