Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ကာကွယ်ဆေးပြန်လည်ရရှိသော်လည်း လုံလောက်မှုမရှိနေ

    မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ကာကွယ်ဆေးပြန်လည်ရရှိသော်လည်း လုံလောက်မှုမရှိနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊  ၁၅ ဇူလိုင်၂၀၂၄။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးဌာနတို့တွင် မွေးကင်းစကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ကာကွယ်ဆေးပြန်လည်ရရှိထားသော်လည်း ဆေးပမာဏနှင့် အမျိုးအစား လုံလောက်မှု မရှိနေသေးကြောင်း မွန်ပြည်ပါတီ ကျန်းမာရေးဌာန တာဝန်ရှိသူတို့ကဆိုသည်။

    covid ကာလနောက်ပိုင်း  မွန်ပြည်သစ် ကျန်းမာရေးဌာနနှင့် ဆေးပေးခန်းတို့တွင် ကာကွယ်ဆေးပြတ်လတ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်ပအလှူရှင် အဖွဲ့အစည်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပြီးနောက်၂၀၂၃ ဒီဇင်ဘာလတွင်  ကာကွယ်ဆေးတို့ကို ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။

    သို့သော် ကာကွယ်ဆေးနှင့် ဆေးဝါပစ္စည်းများ အဆမတန်ဈေးနှုန်းမြင့်တက်မှုနှင့် ပြည်ပအလှူရှင်တို့ထံ ချိတ်ဆက်အကူအညီရရှိမှု တဖန်ခက်ခဲလာခြင်းကြောင့် ကာကွယ်ဆေးလိုအပ်ချက်ရှိနေသည်ဟု  မွန်ပြည်သစ်ကျန်းမာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “စာရင်းကောက်ထားတဲ့အတိုင်းပဲထိုးနှံပေးနေတယ်ဆိုတော့လုံလောက်တယ်လို့ပဲပြောရမယ်။ အဓိကလိုအပ်မဲ့ ဆေးအမျိုးအစားတွေသာဝယ်ယူပြီးထိုးနေတယ်။အမျိုးအစားကမလုံလောက်ဘူး၊ ဟိုက်ပိုတက်တစ်ဘီ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ကျောက်ရောဂါဆေးတွေထိုးပေးနေတယ်။ ဆေးကဈေးတအားကြီးနေတော့ ဒီလာ မယ့် ၉ လပိုင်းကတော့ထိုးရမှာ ဆေးလုံလောက်ဖို့ ဒီနယ်စပ်ဘက်မှာ ရှိတဲ့အဖွဲ့တွေနဲ့ ကြိုးစား ပြီး ချိတ်ဆက်နေတယ် ။မြို့ဘက်နဲ့နီးတဲ့ဒေသမှာတော့ သူတို့ကို အစိုးရဆေးပေးခန်းမှာပဲထိုးခိုင်းတယ် ”ဟု ၎င်းက ဆိုသည်။

    ထို့ကြောင့် မွေးကင်းစကလေး၊ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ထိုးနှံ့သင့်သည့်ဆေးအမျိုအစား ၁၁ မျိုးအနက် ၆ မျိုးခန့်သာ ထိုးနှံပေးနိုင်သည်ဟုလည်း ဆက်ပြောသည်။

    အဓိကအားဖြင့် ရေးဖျားချောင်းဒေသ၊ ဘုရားသုံးဆူဒေသ၊ ထားဝယ်ခရိုင်ဘက်နှင့် နယ်စပ်အစွန်း အဖျားဒေသတို့တွင် ၅ နှစ်အောက်ကလေးငယ်တို့ကို ပိုလိုယို၊ ဦးနှောက်ယောင်ရောဂါနှင့် ကျောက်ရောဂါ ကာကွယ်ဆေးတို့ ထိုးနှံပေးလျှက်ရှိသည်ဟု သိရသည်။

    သို့သော် ရေးချောင်းဖျားဒေသခံများသည် ကိုဗစ်ကာလမတိုင်မီကပင် ရေးမြို့နယ် ကျောက်မိချောင်းရွာရှိ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနတွင် သွားရောက်ထိုးနှံနေရပြီး မိုးရာသီအတွင်း လမ်းခရီးခက်ခဲသည့်အပြင် တိုက်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်နေရသည်ဟု ဓမ္မပါလမှ ဒေသခံတစ်ဦးက ဆိုသည်။

    “ဝယ်ဇင်မွန်ပြည်သစ်ဆေးပေးခန်းမှာက ကိုယ်ဝန်ဆောင်တွေ သွားပြရင်ထိုးပေးတယ်။ အချို့ရွာကတော့ သူတို့အသိပေး  နေတာရှိတယ်။ မနှစ်ကတော့ သူတို့မခေါ်ထားဘူး၊ ရက်ချိန်းရောက်တော့ ထိုးနေကျ ကျောက်မိချောင်းမှာ သွားထိုးတယ်။ ၃ မိုင်လောက် ဝေးလည်းဝေနေတော့ အခြေအနေ မကောင်းရင် မသွားရဲတော့၊ မထိုးရတာလည်း ရှိတယ် ” ဟု ၎င်းက ဆိုသည်။

     ရေးချောင်းဖျားဒေသရှိ ဓမ္မပါလ၊ ဝယ်ပိုင်၊ ကျုံလောင်း၊ ကမ်းနီးစသည့် ဒေသခံများ ကျောက်မိချောင်း ရွာနှင့် ကျောင်းရွာရှိ စစ်ကောင်စီကျန်းမာရေးဌာနဆေးရုံး၊ဆေးခန်းတို့တွင် သွားရောက် ထိုးနှံနေသည်ဟု ဒေသခံတို့မှ သိရသည်။

    လာမည့်စက်တင်ဘာလတွင်  ၅ နှစ်အောက်ကလေးများနှင့်  ကိုယ်ဝန်ဆောင်မိခင်တို့ကို  ကာကွယ်ဆေးထိုးနှံရပေးမည့်အစီအစဉ်ရှိပြီး လုံလုံလောက်လောက် ထိုးနှံနိုင်ရန်လည်း မွန်အမျိုးသား ကျန်းမာရေးကော်မတီမှ ကြိုးပမ်းဆောင်ရွက်နေသည်ဟု ဆက်ပြောသည်။

    မွန်အမျိုးသားကျန်းမာရေးဌာနအနေဖြင့် ဆေးဝါးနှင့် ကာကွယ်ဆေးဆိုင်ရာများကို ထိုင်းနိုင်ငံဘက်မှ အလှူရှင်တို့ကိုသာ အဓိက မှီခိုနေရပြီး လုံလောက်မှုမရှိခြင်းကြောင့် ကိုယ်တိုင်စီစဉ်ဆောင်ရွက်နေရသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks