မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိနှင့် အံခဲကျေးရွာမှ အပြစ်မဲ့ မွန်အမျိုးသား ၄ ဦးတို့ကို ဖမ်း ဆီးပြီး သေချာစုံးစမ်းမေးမြန်းခြင်းမရှိပဲ သတ်ဖြတ်လိုက်သည့် တောင်ညိုစစ်ကြောင်းအား အရေး ယူနိုင်ရေး သံဖြူဇရပ်မြို့နယ် မွန်အမျိုးသားပညာရေးကော်မတီက မွန်ပြည်သစ်ပါတီထံ အကူ အညီတောင်းခံထားကြောင်း သိရသည်။
ဒေသတွင်းအခြေစိုက် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော တောင်ညိုစစ်ကြောင်း မှ ဖမ်းဆီးသွားသည့် ဒေသခံလေးဦးထဲတွင် ကရုပ္ပိရွာခံ နိုင်သန်းဇော်ဆိုသူဟာ မွန်ပြည်သစ် ပါတီ၏ လယ်ယာဥယျာဉ်ခြံအဖွဲ့ဝင်ဖြစ်သည့်အပြင် မွန်ပညာရေးအတွက်လည်း လှုပ်ရှားဆောင် ရွက်နေသည့်သူတစ်ဦးဖြစ်တာကြောင့် ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်လိုက်သည့်အပေါ် လက်မခံ နိုင်သဖြင့် ဝိုင်းဝန်းဖြေရှင်းပေးနိုင်ပါရန် မွန်ပြည်သစ်ပါတီထံ စာတင်လိုက်ခြင်းဖြစ်သည်။
“လက်နက်ကိုင်တပ်ဖွဲ့တွေ ဖမ်းဆီးသွားတဲ့ ဒေသခံလေးဦးက သာမန်ရွာသားတွေ မဟုတ်ဘူး။ သာမန်ရွာသားဖြစ်ရင်တောင် ဘာမှစစ်ဆေးမေးမြန်းတာမရှိပဲ သတ်လိုက်တယ်ဆိုကတည်းက လက်ခံလို့ရတဲ့ ကိစ္စမဟုတ်နေဘူး။ အဲ့တာကြောင့် နောက်ဆိုရင် ဒီလိုအဖြစ်ပျက်မျိုး မဖြစ်အောင် ပြုလုပ်ခဲ့တဲ့တော်လှန်ရေးအဖွဲ့ကို အရေးယူဖို့ ကျွန်တော်တို့က မွန်ပြည်သစ်ပါတီကို စာတင် ထား တာရှိတယ်” ဟု ကရုပ္ပိကျေးရွာ မွန်အမျိုးသားကျောင်းအကျိုးတော်ဆောင် ကော်မတီဝင် တစ်ဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ၏ သံဖြူဇရပ်မြို့နယ်အဆင့် လယ်ယာဥယျာဉ်ခြံအဖွဲ့ဝင်နှင့် ကရုပ္ပိ မွန်အမျိုး သားကျောင်းအကျိုးတော်ဆောင်ကော်မတီဝင် နိုင်သန်းဇော်အပါအဝင် အပြစ်မဲ့အရပ်သား ၄ ဦး တို့ကို ကျုးလွန်သတ်ဖြတ်ခဲ့သည့် တောင်ညိုစစ်ကြောင်းအား အရေးယူနိုင်ဖို့ ညှိနှိုင်းဆောင်ရွက် ပေးရန် မွန်ပြည်သစ်ပါတီထံ ယနေ့ (ဧပြီလ ၃ ရက်) ပေးပို့လိုက်သည့်အကူအညီတောင်းစာတွင် ဖော်ပြထားသည်။
ယခုရက်ပိုင်းအတွင်းလည်း အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသည့် တောင်ညိုစစ်ကြောင်း တပ်ခွဲ (၂) တပ်စု (၁) မှ တပ်သား ရဲဘော် ဟိန်းမင်းလတ်အား ကရင့်အမျိုးသားလွတ်မြောက်ရေး တပ် မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့၏ ပြဌာန်းချမှတ်ထားသော ပြစ်မှု ပုဒ်မများ အရ အလုပ် ကြမ်း နှင့် ထောင်ဒဏ် (၅) နှစ်အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း မတ်လ ၂၀ ရက် နေ့စွဲပါ အမိန့်စာတစ်စောင် အွန် လိုင်ပေါ် ပြန်နှံ့လာသည်။
ပြည်သူလူထု၏ သတင်းပေးချက်အရ ဖမ်းဆီးရမိသော သံသယရှိသူ ၄ ဦးအား မူးယစ်သောက်စား ၍ ရိုက်နှက်စစ်ဆေးမိရာမှ လူသေမှုဖြစ်ပွားခဲ့သည်ဟု စစ်ခုံရုံးအဖွဲ့၊ KNLA အမှတ် (၂၇) တပ်ရင်း၊ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်သည့် အမိန့်စာတွင် ဖတ်ရှုရသည်။
အဆိုပါ ဖြစ်စဥ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကို IMNA က လိုက်လံ စုံစမ်း မေးမြန်းချက်များအရ ပြန်နှံ့နေသည့် အမိန့်စာဟာ အမှန်ဖြစ်သည်ဟု အတည်ပြုလို့ရသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကားပြောကြားပေးဖို့ ငြင်းဆိုထားသည်။
လက်ရှိတွင် တောင်ညိုစစ်ကြောင်း တာဝန်ရှိသူများမှ အသတ်ခံခဲ့ရသည့် မွန်ပြည်သစ်ပါတီ လယ် ယာဥယျာဥ်ခြံအဖွဲ့ဝင်နှင့် မွန်အမျိုးသားကျောင်း အကျိုးတော်ဆောင်ကော်မတီ ဝင်တစ်ဦး၏ ဇနီး ဖြစ်သူထံ လာရောက်ကာ မှားယွင်းကြောင်း ဝန်ခံပြီးနောက် အသက်လျော်ကြေး ပေး ကျေအေး ခိုင်းဖို့ ကြိုးပမ်းချက်ကို ကာယကံရှင်ဖြစ်သူက လက်မခံခဲ့ပေ။
မွန်ပြည်သစ်ပါတီ၏ လယ်ယာဥယျာဥ်ခြံအဖွဲ့ဝင်နှင့် ကရုပ္ပိ မွန်အမျိုးသားကျောင်း အကျိုး တော် ဆောင်ကော်မတီဝင် အသက် (၄၀) နှစ်အရွယ် နိုင်သန်းဇော်နှင့် ကရုပ္ပိ မွန်အမျိုးသား ကျောင်း အကျိုးတော်ဆောင်ကော်မတီဝင် အသက် (၅၀) နှစ်အရွယ် နိုင်အကျဲနှင့် ၎င်းတို့၏ မိတ်ဆွေများ ဖြစ်ကြသော အံခဲကျေးရွာနေ အသက် ၅၀ ခန့်ရှိ နိုင်ကွန်းတီးနှင့် နိုင်ကွန်းတင့်တို့ ၄ ဦးဟာ ပြီးခဲ့ သည့် မတ်လ ၆ ရက်နေ့က နိုင်သန်းဇော်အိမ်၏ ရှင်ပြုရဟန်းခံအလှုပွဲအတွက် သံဖြူဇရပ်မြို့ နယ် ဝဲခမိကျေးရွာဘက်တွင် အသားငါးများ သွားဝယ်စဥ် တောင်ညိုစစ်ကြောင်း၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရသည်။
ဝဲခမိဒေသအတွင်း လှုပ်ရှားနေသည့်လက်နက်ကိုင်တပ်ဖွဲ့များမှ ၎င်းတို့ ၄ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားကြောင်း သိသိချင်းပင် ဒေသခံအဖွဲ့အစည်းများ၊ သံဃာတော်နှင့် ရွာသူရွာသားတို့က သက် ဆိုင် ရာလက်နက်ကိုင်တပ်ဖွဲ့တွေထံ အကြိမ်ကြိမ် သွားရောက်မေးမြန်း စုံစမ်းခဲ့သော်လည်း မသိရှိ ကြောင်း လိမ်လည်ပြောဆိုခဲ့ရာမှ ဖမ်းဆီးထားသည့်အချိန် တစ်လပြည့်ခါနီးမှာ စစ်ဆေးရာ ၌ လက်လွန်သွား၍ သတ်ဖြတ်မိခဲ့ကြောင်း သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ဘက်က ကာယကံ ရှင်မိသားစုင်ဝင်များထံ အသိပေးလာကာ လျော်ကြေးငွေဖြင့် ကျေအေးကြောင်း ဝန်ခံလက်မှတ် ထိုးပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် အသတ်ခံခဲ့ရသည့်သူတို့၏ ကာယကံရှင်မိသားစုဝင်များအပါအဝင် နိုင်သန်းဇော်နှင့် သက်ဆိုင်သည့်အဖွဲ့အစည်းတို့က ယခုဖြစ်ရပ်အပေါ် လက်မခံနိုင်သောကြောင့် KNLA အမှတ် (၂၇) တပ်ရင်း၊ တောင်ညိုစစ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းပေးပါရန် ယနေ့ ဧပြီ (၃) ရက်တွင် မွန်ပြည်သစ်ပါတီထံ စာပေးပို့ အကူအညီတောင်းဆိုလိုက်သည်ဟု ဆိုသည်။


