spot_img
Friday, May 10, 2024
More
    spot_img
    Homeသတင်းဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ ၅၅၂ တပ်ရင်းကို AA သိမ်းပိုက်

    ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ ၅၅၂ တပ်ရင်းကို AA သိမ်းပိုက်

    -

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်သည်ဟု AA က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ ခမရ (၅၂၂) တပ်စခန်းကို AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီခွဲအချိန်က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၃၂ ရက်အကြာ မတ်လ ၂၅ ရက်နေ့ နေ့လည်ခန့်တွင် စခန်းတခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

    ခမရ (၅၅၂) စခန်းကို စစ်ကောင်စီဘက်က ကြည်း၊ လေဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည့်ကြားတွင်ပင် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဆိုထားသည်။

    ၎င်းပြင် ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း AA က လိုက်လံဖမ်းဆီးလျက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

    ခမရ (၅၅၂) စခန်းသိမ်းပိုက်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသလို စစ်တပ်အလောင်းများလည်း တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

    ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ဒေသအတွင်း ရန်သူ့စခန်းပေါင်းများစွာကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားသည်မှာ လပေါင်းမျာစွာကြာခဲ့ပြီ ၎င်းတပ်စခန်း/ရဲကင်းစခန်းများစွာထဲမှ တစ်ခုဖြစ်သည့် ရက္ခိုင်ပြည်၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့်ရှိသည့် တပ်ဖွဲ့ဝင်များလည်း မတ်လ ၂၅ ရက်နေ့က ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

    လက်ရှိအချိန်တွင် ရက္ခိုင်၊ ပလက်ဝဒေသများမှ လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ထောင်နှင့်ချီ ရှိနေသည်ဟု AA က ပြောဆိုထားသည်။

    တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ အခြားသောစခန်းများကိုလည်း ရက္ခိုင့်တပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts