တောင်ညိုစစ်ကြောင်းအဖွဲ့မှ ဖမ်းဆီးထားသည့် သံဖြူဇရပ်မြို့နယ် ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း သိရသည်။
ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ) ဦးကာတွန်းနှင့် အဖွဲဝင် ဦးမောင်ကိုတို့သည် ဖေဖော်ဝါရီလကုန်ပိုင်းက ရိုက်နှက်ဒဏ်ရာများဖြင့် နေအိမ်သို့ပြန်လည် ရောက်ရှိလာပြီး လတ်တလော မော်လမြိုင်မြို့ပေါ်တွင် ဆေးကုသမှုခံယူနေကြောင်း ဦးကာတွန်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
"ပြန်ရောက်လာတာ တစ်ပတ်လောက်ရှိပါပြီး၊ သူတို့စစ်ဆေးမေးမြန်းပြီး ဘာမထူးတော့ သွားချင်ရာသွားဆိုပြီး ပြန်လွှတ်လာတော့ ရွာပြန်ရောက်လာတယ်လို့ ကြားတယ် ထုထောင်းရိုက်နှက်ထားတာတွေလည်း အများကြီးရှိတယ်လေ" ဟု ဆိုသည်။
ဦးမောင်စိန်(ခ) ဦးကာတွန်းတို့ပြန်လည်ရောက်ရှိလာပြီးနောက် သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်ရင်းမှ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"အမှန်ဆို လက်နက်ပျောက်ရင် အပြစ်ပေးခံရတာမျိုးတွေရှိတယ်လေ ဒါမဲ့ ဦကာတွန်းတို့ ဘယ်လိုဖြေရှင်းလိုက်လဲတော့မသိဘူး ဘာမှအပြစ်ပေးခံရတာတော့ မကြားရဘူး မော်လမြိုင်မှာ ဆေးကုနေတယ်လို့ပဲကြားတယ်ပေါ့ "ဟု ၎င်းကရုပ္ပိ ဒေသခံက ဆက်ပြောသည်။
တောင်ညိုစစ်ကြောင်းမှ ကရုပ္ပိပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ) ဦးကာတွန်းနှင့် အဖွဲ့ဝင်တစ်ဦးကို လက်နက်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိထားကြောင ည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသူနှစ်ဦးကို ဖမ်းဆီးခဲ့သည့် အကြောင်းရင်းနှင့်ပတ်သတ်ပြီး တောင်ညိုစစ်ကြောင်းအဖွဲ့ကို ဆက်သွယ်မေးမြန်ခဲ့သော်လည်း ပြန်လည်ပြောဆိုခြင်းမရှိပေ။
ဦးမောင်စိန် (ခ) ဦးကာတွန်းသည် စစ်တပ်အာဏာမသိမ်းခင်က ကျေရွာအုပ်ချုပ်ရေးမှုးအဖြစ် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်ဖွဲ့ခေါင်းဆောင်အနေဖြင့် ကျေးရွာအုပ်ချူပ်ရေးဆိုင်ရာ ဦးဆောင်လျှက်ရှိကြောင်း သိရသည်။
၎င်းပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အဖြစ် သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။