spot_img
Saturday, August 2, 2025
More
    spot_img
    Homeသတင်းမဲဲထည့်နိုင်သူများစာရင်း လိုက်လံကောက်ခံနေ

    မဲဲထည့်နိုင်သူများစာရင်း လိုက်လံကောက်ခံနေ

    -

    ဂျူရီချိုင်း။   ။မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်တချို့ရှိ ကျေးရွာများအတွင်း ရယကတို့မှ အသက် (၁၈) နှစ်ပြည့်သူများစာရင်းကို ယခုရက်ပိုင်းအတွင်း လိုက်လံကောက်ခံနေသည်။

    ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကျေးရွာတွေမှာ အာဏာပိုင်တို့မှ အသက် ၁၈ နှစ်ပြည့်နှင့် ၁၈ နှစ်အထက်ရှိသူများကို မဲထည့်ရမည်ဆိုပြီး အိမ်ထောင်စုအလိုက် စာရင်းလိုက်လံကောက်ခံခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

    “စစ်အစိုးရတွေက သူတို့ ကြိုက်သလို လုပ်လို့ရတယ် ဒီရွေးကောက်ပွဲဟာလည်း သူတို့ပဲ နိုင်မယ်လေ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တကယ်လို့ မဲထည့်ရမယ်ဆိုရင် ကိုယ့်ရဲ့ မွန်ပါတီကိုဘဲ ထည့်မယ်” ဟု မော့ကနင်ရွာခံတစ်ဦးက ပြောသည်။

    ထိုနည်းတူ လမိုင်းမြို့ပေါ်တွင်လည်း အဆိုပါစာရင်းကို ရက်ကွက်အလိုက် လိုက်လံကောက်ခံနေသည်မှာ သုံးလေးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

    ယခင်က လူစာရင်းကောက်ခံရာမှာ ကောက်ခံကြေးပါပေးဆောင်နေရပြီး ယခုစာရင်းကောက်ခံမှုမှာ ငွေကြေးမတောင်းခံကြောင်း လမိုင်းမြို့ခံတစ်ဦးက ပြောသည်။

    “စာရင်းလာကောက်တဲ့လူက အိမ်မှာ လူဦးရေဘယ်နှယောက်ရှိလဲ၊ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အသက်ပြည့်လူတွေကိုရော မေးတယ်” ဟု ၄င်းမြို့ခံက ပြောသည်။

    အသက်ပြည့်သူတွေကို မေးမြန်းပြီး အမှတ်ကလေးနဲ့မှတ်သားထားတယ်၊ ပြည်ပမှာရှိတဲ့သူတွေကိုလည်း သူတို့က မှတ်သားထားသည်ဟု ၄င်းက ဆက်ပြောသည်။

    ရေးမြို့ပေါ်တွင် လွန်ခဲ့သည့် နွေရာသီက တကြိမ်ကောက်ခံထားပြီး ဖြစ်သော်လည်း မည်သည့်အတွက်ကြောင်း ပြန်လည်ကောက်ခံမည်ကုုိ မသိနိုင်ဘူးဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြို့နယ်အလိုက် အိမ်ထောင်စု လူဦးရေစာရင်းကို မြန်မာအာဏာပိုင်တို့မှ ကောက်ခံထားပြီးဖြစ်သည်။

    မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၀ ခုရှိပြီး၊ စုစုပေါင်း လူဦးရေ ၂ သန်း ၉ သိန်းကျော်နေထိုင်ကြောင်းကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောစာရင်းအရ သိရသည်။

    မြန်မာတနိုင်ငံလုံးတွင် မဲပေးနိုင်သူအရေအတွက် ကောက်ထားသည့် သန်ခေါင်းစာရင်းအရ လူဦးရေ သန်း ၃၀ ကျော်ရှိကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts