Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ကျော် စျေးမြင့်တက်  

    မွန်ဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ကျော် စျေးမြင့်တက်  

    -

    မွန်ပြည်နယ် ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၁၃၀၀၀ ကျပ်ကျော်အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း စားသောက်ကုန်လုပ်ငန်းရှင်နှင့် စားသုံးသူတို့ထံမှ သိရသည်။

    စားအုန်းဆီ ရည်ညွန်းလက်ကားဈေး တစ်ပိဿာလျှင် ၄၁၄၀ ကျပ်ကနေ ၄၃၂၀ ကျပ် မြင့်တက်သွားပြီးနောက် ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာ ၁၃၂၅၀ ကျပ် စျေးမြင့်တက်သွားသည်ဟု စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက စားအုန်းဆီက တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင်လောက်ဖြစ်နေတယ်။ အခု ဇူလိုင်လ နောက်ဆုံးအပတ်အတွက် ရည်ညွန်းလက်ကားဈေးနှုန်းက မြင့်သွားတော့ စားအုန်းဆီဈေးတွေလည်း ထပ်မြင့်ကုန်တယ်။ အခုလက်ရှိ စားအုန်းဆီတစ်ပိဿာကို ၁၃၂၅၀ ကျပ်အထိ ဈေးဖြစ်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ယခင်က စားအုန်းဆီးစျေး တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှ စားအုန်းဆီ ရည်ညွန်းလက်ကားဈေး မြင့်တက်လာခြင်းနှင့်အတူ တဖြည်းဖြည်းချင်း ဈေးတက်လာပြီး ဇူလိုင်လအတွင်း စားအုန်းဆီဈေး တစ်ပိဿာ ၈၄၀၀ ကျပ်မှ ၁၃၂၅၀ ကျပ်အထိ စျေးမြင့်တက်သွားခြင်းဖြစ်သည်။

    မွန်ပြည်နယ် ဈေးကွက်အတွင်း စားအုန်းဆီအပြင် တဖက်ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ ၅ လီတာတစ်ပုံးလျှင် ယခင် ၂၀၀၀၀ ကျပ် မှ လက်ရှိ ၂၃၀၀၀ ကျပ်၊ ပဲပိစပ်ဆီ ၅ လီတာတစ်ပုံးလျှင် ယခင် ၂၅၅၀၀ ကျပ်မှ လက်ရှိ ၂၈၀၀၀ ကျပ် ဈေးတက်သွားကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းမှုမဖြစ်ခင်က စာအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ရမှ စစ်တပ်အာဏာသိမ်းပြီးနောက် စားအုန်းဆီစျေး အဆမတန် မြင့်တက်လာခဲ့ရာမှ ယခု တစ်ပိဿာ ကျပ် ၁၃၀၀၀ ကျော်အထိဖြစ်လာခဲ့သည်။

    စစ်ကောင်စီက ကျပ် ၂၀၀၀၀ တန်ငွေစက္ကူရိုက်ထုတ်မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks