spot_img
Sunday, October 5, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ်က ဆိုင်ကယ်လု လူသတ်ကြံစည်သူနှစ်ဦးကို KNU က ဖမ်းဆီးရမိ

    ရေးမြို့နယ်က ဆိုင်ကယ်လု လူသတ်ကြံစည်သူနှစ်ဦးကို KNU က ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်လုပြီး လူသတ်ရန်ကြံစည်သည့် လင်မယားနှစ်ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ဘုရားသုံးဆူမြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

    နှစ်ကရင်ကျေးရွာက မဖူးပွင့်ကဗျာ၏ ဆိုင်ကယ်ကို လုယူပြီး လူပါသတ်ဖြတ်ရန်ကြံစည်သည့် လင်မယားနှစ်ဦး ဘုရားသုံးဆူမြို့သို့ ထွက်ပြေးသိမ်းရှောင်နေစဉ် နိုဝင်ဘာ ၂၇ ရက်နေ့က KNU က ဖမ်းဆီရမိခဲ့သည်ဟု KNU နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “အဲဒီလင်မယား နှစ်ယောက်ကို ဖမ်းမိပြီးဆိုတဲ့သတင်းကို  KNU က ကျွန်တော့်ဆီ အ​ကြောင်းကြားလာတယ်၊ KNU ဘက်က ဒီနှစ်ယောက်ကို စွဲချက်တင်မှာပေါ့ အသတ်ခံရတဲ့ မိသားစုဘက်ကိုလည်း အကြောင်းကြာမယ်” ဟု KNU နှင့် နီးစပ်သည့် ဦးလင်းထွန်းက ပြောသည်။

    ဖမ်းဆီးရမိထားသည့် လင်မယားနှစ်ဦးကို KNU ခရိုင်တရားရုံးတွင် တရားစီရင်မှုပြုလုပ်သွားမည်ဟု KNU ဒူးပလာယာခရိုင် တာဝန်ရှိသူထံမှ သိရသည်။

    အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နှစ်ကရင်ကျေးရွာသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား   မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင်မယား (၂)ဦးမှ နိုဝင်ဘာလ ၅ ရက်နေ့က သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာ လမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းသဖြင့် မဖူးပွင့်ကဗျာက ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

    နေအိမ်သို့ ပြန်မရောက်လာသဖြင့် မဖူးပွင့်ကဗျာ၏ မိသားစုဝင်နှင့် ဒေသခံတို့ လိုက်လံရှာဖွေခဲ့ရာမှ နိုဝင်ဘာလ ၆ ရက်နေ့တွင် နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့မရောက်ခင် သင်္ချိုင်းအနီး ခြုံကြားတွင် ဓါးထိုးသွင်း ဒဏ်ရာ ၅ ချက်၊ ထိုးကြိတ်ခံရသောဒဏ်ရာများ (စိုးရိမ်ရ) ဖြင့် မဖူးပွင့်ကဗျာကို ပြန်လည် တွေ့ရှိခဲ့သည်။  

    မပြည့်ဖြိုးဝေနှင့် မောင်ချမ်းမွန် (ခ) အာရုံဦးတို့ လင်မယား (၂)ဦးသည် မဖူးပွင့်ကဗျာ၏ ဆိုင်ကယ်နှင့်  လက်ဝတ်လက်စားများ ယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

    မဖူးပွင့်ကဗျာလည်း ရရှိထားသည့်ဒဏ်ရာများဖြင့် မော်လမြိုင်ဆေးရုံးမှတဆင့် ရန်ကုန်မြို့ဆေးရုံသို့ လက်ရှိအချိန်ထိ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts