spot_img
Thursday, August 7, 2025
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်  သိမ်ဇရပ်ရဲစခန်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း နေအိမ်တွင် ဗုံးဖောက်ခွဲခံရ

    ကျိုက်ထိုမြို့နယ်  သိမ်ဇရပ်ရဲစခန်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း နေအိမ်တွင် ဗုံးဖောက်ခွဲခံရ

    -

    Photo: crd DVB

    ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့  ညနေ ၆ နာရီခွဲအချိန်ခန့်က သိမ်ဇရပ်ရဲစခန်းတွင်  လက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရပြီး သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း နေအိမ်တွင်လည်း ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသထံတစ်ဦးထံမှ သိရပါတယ်။

    လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမူကြောင့်  စခန်းအတွင်းရှိ ရဲလိုင်းခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမှ စခန်းအတွင်းမှ သေနတ်ပစ်အသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

    ” ညနေပိုင်းလောက်ကပဲ ဗုံးပေါက်ကွဲအသံ ၂ ချက်ကြားရတယ် သေနတ်အသံများ အဆက်မပြတ်ကြားရတယ် အစက အဲည လပြည့်ညဆိုတော့ မီးပန်တို့ ဗျက်အိုးဖောက်အသံလိုပဲ ထင်ထားတာပေါ့ဗျ နောက်တော့ဘယ်ဟုတ်မလဲ သိမ်ဇရပ်ရဲစခန်းဘက်က လက်နက်အသံကြီးဖြစ်နေတာတယ်လို့” ဒေသခံတစ်ဉီးက ပြောပါတယ်။

    ယမန်နေ့ နိုဝင်ဘာလ ည ၇ နာရီအချိန်တွင်  သိမ်ဇရပ် ကြံ့ခိုင်ရေးဥက္ကဌဟောင်း ဖြစ်သူ ဦးခင်ဇော်၏ နေအိမ် ဗုံးခွဲခံရပြီး မည်သည်တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူးလို့ သိရပါတယ်။

    အလာတူ နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် သံတံတားဂိတ်သည်လည်း လက်နက်ကြီးဖြင့် ၂ ချက်ပစ်ခတ်ခံရပြီး ခဏကြာတွင် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခဲ့တယ်လို့သိရပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,200SubscribersSubscribe
    spot_img

    Latest posts