spot_img
Thursday, November 20, 2025
More
    spot_img
    Homeသတင်းစစ်အစိုးရနှင့် ဗဟိုကော်မတီဝင်အဆင့်ဖြင့်သာ ဆက်ဆံသွားမည်

    စစ်အစိုးရနှင့် ဗဟိုကော်မတီဝင်အဆင့်ဖြင့်သာ ဆက်ဆံသွားမည်

    -

    အာကာ။   ။မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား မတင်မကျ ဖြစ်ရာမှ ပိတ်ထားသော မော်လမြိုင်မြို့ပေါ်ရှိ ရုံးများကို ဦးစီးရန် ဗဟိုကော်မတီဝင်တစ်ဦးအား ရွေးချယ်ခန့်ထားပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

    “ဗဟိုကော်မတီဝင် ဗိုလ်မှူးပကောင်းနယ်တူးကို ပြီးခဲ့တဲ့အပတ် အီးစီအစည်းအဝေးကနေ မြို့ပေါ်မှာ ရုံးပြန်ထိုင်ဖို့ ခန့်လိုက်တာပဲ၊ အခုအနေအထားက ပြည်တွင်းမှာ အီးစီအဆင့်ထားလို့ မသင့်တော်တော့ဘူး” ဟု ဗဟိုကော်မတီဝင်တစ်ဦးက  ပြောသည်။

    သို့ရာတွင် မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်မြိုပေါ်ရှိ ရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးပကောင်းနယ်တူး မရောက်ရှိသေးကြောင်း ပြောပါသည်။

    အပစ်ရပ်စဉ် ကာလတစ်လျောက်လုံး၌ မြို့ပေါ်ရုံးများကို ဗဟိုအလုပ်အမှုဆောင်တစ်ဦး အမြဲတန်း ဦးစီးခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး တင်းမာလာမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့မှ စ၌ မြို့ပေါ်ရုံးများကို မွန်ပြည်သစ်ပါတီမှ ပိတ်လိုက်ခြင်း ဖြစ်သည်။

    နောက်ပိုင်းတွင် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ဗဟိုကော်မတီဝင်ဟောင်းအချို့က ပိတ်ထားသော ရုံးများကို မသိမသာ ပြန်လည်ဖွင့်လှစ်ပြီး နေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဗဟိုကော်မတီဝင်တစ်ဦးအား တာဝန်ပေးပြီး မြို့ပေါ်ရုံးများအား ကွပ်ကဲရန် တာဝန်ပေးခြင်း ဖြစ်သည်။

    “နိုင်ချမ်းတွဲ့တစ်ယောက် ကျနော်တို့ရုံးက လူကြီးတွေ တည်းခိုတဲ့နေရာမှာ ရှိနေတယ်” ဟု ယမန်နေ့၌ သူ့အား ကိုယ်တိုင်မြင်တွေ့ခဲ့သော မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးမှ ရုံးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အနားယူခွင့် တောင်းခံခဲ့သော မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် နိုင်ခိုစိုက်နှင့် ဗိုလ်မှူးတင်လှတို့အား မွန်ပြည်သစ်မှ တရားဝင် အနားယူခွင့် ပြုခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

    မွန်ပြည်သစ်ပါတီအတွင်း ပါတီဝင်များ အကွဲအပြဲ ဖြစ်စေရန် စစ်အစိုးရက နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေသည့် အထောက်အထားများ တွေ့ရှိနေရသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ခဲ့သည်။

    သူက “မွန်ပြည်သစ်ပါတီကို စစ်ရေးအရ တိုက်စရာမလိုပဲ အပြော့နည်းသုံးပြီး ချေမှုန်းနေတာ တွေ့ရတယ်၊ ဒီအတိုင်း ဆက်သွားရင် အခွင့်အရေးရတာနဲ့ ခေါင်းဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ခြံခုန်သွားနိုင်တယ်” ဟု သုံးသပ်ပြောဆိုခဲ့သည်။

    အပစ်ရပ် ၁၅ နှစ်ကာလအတွင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ၃၀ ဦးနီးပါးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts