သံတောင်ကြီးတွင် ရဲတပ်သား ၂ ဦး ပစ်သတ်ခံရ
မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၇)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာ မေ ၅ ရက် မနက်ပိုင်းက နစက ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ယင်း ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ သံတောင်မြို့ အဝင်ဂိတ်တွင် ပစ်သတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ရဲ ၂ ယောက်က အရပ်ဝတ်နဲ့ပဲ ဆိုင်ကယ်စီးလာရင် ပစ်သတ်ခံခဲ့ရတယ် ရဲ ၂ ယောက်စလုံးပဲ အဲမှာ သေသွားတယ်” ဟု ၎င်းက ပြောသည်။
သေနတ်ဖြစ် ပစ်သတ်ခံရသည့် သံတောင်ရဲစခန်းက ရဲ ၂ ဦးမှာ ရဲတပ်ကြပ် ဦးစိုးမင်းထိုက်နှင့် ရဲတပ်သားတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးကို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့တဲ့ ရဲ ၂ ဦး၏ သေနတ်အသေး ၂ လက်၊ ကျည်အချို့နှင့် အခြားပစ္စည်းများကို သိမ်းစည်းရမိကြောင်း သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လူမူကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။