Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ တစ်သိန်းကျော်အထိရှိလာ

    မွန်ပြည်နယ်တွင် ကျောင်းတက်ရောက်သူ ကျောင်းသားဦးရေ တစ်သိန်းကျော်အထိရှိလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၁၆)

    မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူဦးရေ တစ်သိန်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

    ကျောင်းသားအချို့တွင် ကိုဗစ်ပိုးများ စစ်ဆေးတွေ့ရှိခဲ့သော်လည်း ကျောင်းတက်သူဦးရေ ပိုမိုတိုးလာကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။

    “ကျောင်းသားဦးရေကတော့ တစ်သိန်းကျော်အထိရှိလာပြီ ဖြစ်ပါတယ်။ ကိုဗစ်ပိုးတွေ့တဲ့ကျောင်းသားတွေ၊ ဆရာမတွေကို ကွာရန်တင်းဝင်ခိုင်းပြီး အခုပြန်စစ်တော့ ကိုဗစ်ပိုးမတွေ့တော့ပါဘူး၊ ကျန်းမာရေးဌာနနဲ့လည်းပူးပေါင်းပြီးလုပ်နေတော့ ကျောင်းတက်တဲ့သူတွေလည်း ပြန်များလာတယ်”ဟု ဦးစန်းအောင်က ဆိုသည်။

    မွန်ပြည်နယ်တဝန်းတွင် နိုဝင်ဘာ ၁ ရက် ကျောင်းဖွင့်စတွင် ကျောင်းသား ၄ သောင်းကျော်သာ တက်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ အထိ ကျောင်းသားများကို ပြန်လည်လက်ခံပေးနေကြောင်း၊ ထို့ပြင် လစ်လပ်သွားသော ဆရာ၊ ဆရာမများနေရာတွင် အစားထိုး ပြန်လည်ခန့်ထားလျက်ရှိကြောင်း သိရသည်။

    “ထွက်သွားတဲ့နေရာတွေမှာ ဆရာ၊ ဆရာမအသစ် ထပ်ပြီးခန့်ထားတယ်။ ၅ ရက်နေ့ကတည်းက ခန့်ထားတာ။ ဒီကြားထဲ သင်တန်းတွေပေးနေတယ်။ ၂၀ ရက်နေ့ကျရင် တရားဝင်ထုတ်ပြန်သွားဖို့လည်း ရှိသေးတယ်”ဟု ပညာရေးမှူးရုံးမှ သိရသည်။

    ဆရာ၊ဆရာမအသစ် ၁၄၁ ဦး ထပ်မံခန့်သွားမှာဖြစ်ပြီး မူလတန်းနှင့် အလယ်တန်းအတွက် အဓိက ခန့်အပ်မည်ဖြစ်သည်။ နိုဝင်ဘာလ ၂၀ရက်နေ့အတွင်း အဆိုပါဆရာ၊ဆရာမ ၁၄၁ဦးကို တာဝန်ကျသည့်ကျောင်းနှင့်လိုအပ်သည်များကို ထုတ်ပြန်သွားမည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် အခြေခံပညာကျောင်း ၁၅၀၀ ကျော်ရှိပြီး ပြီးခဲ့သည့်စာသင်နှစ်အထိ ကျောင်းသားကျောင်းသူ ၄ သိန်းကျော် နှစ်စဥ်တက်ရောက်ခဲ့သည်။

    အမှတ် (၉) အထက မော်လမြိုင်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks