spot_img
Wednesday, July 9, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးသံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU လွှတ်ရှမ်းဂိတ်ကို မြန်မာစစ်တပ်ထိန်းချုပ်ထား

    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU လွှတ်ရှမ်းဂိတ်ကို မြန်မာစစ်တပ်ထိန်းချုပ်ထား

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ အောက်တိုဘာ ၂၃)

    KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU တပ်မဟာ ၆ ၏ လွှတ်ရှမ်းအကောက်ခွန်စစ်ဆေးရေးဂိတ်ကို မြန်မာစစ်တပ် ဝင်ရောက်ထိန်းချုပ်ထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။

    သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ တောင်စွန်း ရှေ့တန်းယာယီအခြေစိုက်စခန်းမှ ခလရ (၂၈၃) တပ်ဖွဲ့အရာရှိတစ်ဦးနှင့်ရဲဘော်တချို့ လိုက်ပါစီးနင်းလာသည့် မော်တော်ယာဥ်တစ်စီးအား သံပုရာနှင့် ခုံခံကျေးရွာအကြား မိုင်းဖောက်ခွဲ၍ပစ်ခတ်ခံရသဖြင့် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ပြီးနောက် မြန်မာတပ်ဖွဲ့စစ်ကြောင်းများ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲသို့ အင်အားအလုံးအရင်းဖြင့်ထပ်မံဝင်ရောက်လာကာ KNU တပ်စခန်းများကို ဦးတည်တိုက်ခိုက်လာနေကြောင်း ကရင်သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

    “လွှတ်ရှမ်းဂိတ်မှာ ဗမာစစ်တပ်ဝင်ထိုင်နေပြီ သံပုရာနဲ့ခုံခံအကြားမှာ တိုက်ပွဲစဖြစ်ပြီးကတည်းက ကျနော်တို့ကားသမားတွေ လုံခြုံရေးစိတ်မချလို့ အနန်းကွင်းလမ်းဘက်ကို မသွားရဲတော့ဘူး၊ ကြာအင်းဆိပ်ကြီးလမ်းကနေပဲ သွားကြပါတယ်၊ ဒါပေမယ့် အနန်းကွင်းလမ်းကနေ တချို့ကားတွေ သွားလာနေကြတာ ရှိပါတယ်၊ လမ်းပိတ်မထားပါဘူး” ဟု ဘုရားသုံးဆူ-သံဖြူဇရပ် စင်းလုံးငှား Taxi ကားမောင်းသမားတစ်ဦးက ပြောသည်။

    အဆိုပါ လွှတ်ရှမ်းရွာ KNU လုံခြုံရေးအကောက်ဂိတ်တွင် လတ်တလော မြန်မာစစ်တပ်ဝင်ရောက်တပ်စွဲထားသော်လည်း နှစ်ဖက်စစ်ရေးပဋိပက္ခ တင်းမာမှုမရှိသေးကြောင်း Klo FM Media Agency Facebook စာမျက်နှာက သတင်းဖော်ပြထားသည်။

    သို့ရာတွင် KNU ဘုရားသုံးဆူဆက်ဆံရေးရုံးနှင့် တပ်မဟာ ၆ တာဝန်ရှိပုဂ္ဂိုလ်များထံ မွန်သတင်းအေဂျင်စီက ဖုန်းဆက်သွယ်မေးမြန်းသော်လည်း ဖုန်းများပိတ်ထားကြသဖြင့် အဆိုပါဖြစ်စဥ်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ထို့အတူ KNU အခြေစိုက်နယ်မြေဖြစ်သော လွှတ်ရှမ်း၊ တညင်၊ ဖားပြကျေးရွာအနီးတဝိုက်တွင်လည်းကောင်း၊  အနန်းကွင်းနှင့်တောင်စွန်းအကြားတွင်လည်းကောင်း လက်ရှိတွင် မြန်မာစစ်ကြောင်းများ ထိုးစစ်ဆင်လှုပ်ရှားလျက်ရှိရာ တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်နေကြသည့်ဒေသခံပြည်သူများ နေအိမ်များစွန့်ခွာရှောင်တိမ်းနေရကြောင်း သိရသည်။  

    KNU တပ်မဟာ ၆ လှုပ်ရှားနယ်မြေ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင်လည်း ယခုလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်နှင့် ဒေသခံ KNU တပ်ဖွဲ့အကြား တိုက်ပွဲငယ်များ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

    KNU ဂိတ်စခန်းတစ်ခု

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts