Saturday, March 14, 2026
More
    spot_img
    HomeCovid 19ဆေးရုံမတက်သည့် ကိုဗစ်ပြင်ပလူနာများ အောက်စီဂျင် လုံလောက်မှုမရှိဟုဆို

    ဆေးရုံမတက်သည့် ကိုဗစ်ပြင်ပလူနာများ အောက်စီဂျင် လုံလောက်မှုမရှိဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၃)

    အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမတက်ရောက်နိုင်သည့် ကိုဗစ်ပြင်ပလူနာများအတွက် အောက်စီဂျင်ရရှိစေရန် လူမှုကယ်ဆယ်ရေးအသင်းများမှ ကြိုးပမ်းဆောင်ရွက်ပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း ဆိုသည်။

    ရပ်ကွက်အတွင်းရှိ နေအိမ်နေတွင် ကုသမှူ ခံယူနေသော ကိုဗစ်လူနာများအတွက် အောက်စီဂျင် ခွဲဝေလှူဒါန်းပေးနေသော်လည်း လုံလောက်မှုမရှိသေးကြောင်း မော်လမြိုင် Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အခုက အောက်စီဂျင်စက်ရုံတွေက ဆေးရုံတက်နေရတဲ့ Positive လူနာတွေအတွက် ဦးစားပေးပြီး ပေးနေတဲ့အတွက် ကျွန်တော်တို့ ဒီပြင်ပမှာ ရပ်ကွက်တွေထဲမှာရှိတဲ့ ပြည်သူတွေက အောက်စီဂျင် မရကြတော့ဘူး။ ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ရတဲ့  ခွဲတမ်းတွေကို အကုန် ပြန်လှူပေးတယ်။ အကုန်ပြန်ပေးနေပေးမယ့် လက်ရှိအနေအထားမှာ အောက်စီဂျင် လုံးဝမလုံလောက်တဲ့ အနေအထားမှာ ရှိတယ်”ဟု ၎င်းက ပြောသည်။

    မော်လမြိုင်မြို့အတွက် သာသာနာနွယ်ဆရာတော် ဦးဆောင်ပြီးတည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံလည်း မပြီးသေးသောကြောင့် လိုအပ်မှု ရှိနေသေးကြောင်း၊ ပြည်နယ်အတွင်းရှိ မြိုနယ်အသီးသီးတွင် အောက်စီဂျင် စက်ရုံများ တည်ဆောက်ပြီးပါက မြိုနယ်အလိုက် အောက်စီဂျင်လိုအပ်ချက်များ လျော့နည်းလာမည်ဟု ထင်မြင်မိကြောင်း ဆက်ပြောသည်။

    နောက်ထပ်အခက်အခဲတစ်ခုအနေဖြင့် အောက်စီဂျင်အပြည့်မပါသောကြောင့် ပြန်လည်ခွဲဝေပေးရာတွင် အောက်စီဂျင် အလုံး ၅၀ရရှိမည့် နေရာတွင် အလုံး ၄၀ ခန့်သာ ဖြည့်ပေးနိုင်ကြောင်း၊ အိမ်စောင့်အစိုးရဘက်မှ ချပေးသော အောက်စီဂျင်ခွဲတန်းများကို ပြည်သူများထံ ခွဲဝေကာ ပြန်လည်လှူဒါန်းပေးနေကြောင်း ဘိူဘိုဝင်း ကယ်‌ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

    “လက်ရှိအခက်အခဲကတော့ မော်လမြိုင်မြိုမှာရှိတဲ့ လွန်ခဲ့တဲ့ရက်က ပေးခဲ့တယ်ပေါ့နော်။ အခု အောက်စီဂျင်တွေ ထပ်ပျက်ဖို့ရှိတယ်။ ပြည်သူတွေအတွက် လုံလောက်မှု ရှိလားဆိုတော့ အားလုံးကို မလွှမ်းခြုံနိုင်တော့ လုံလောက်မှုတော့ မရှိသေးဘူး”ဟု ၎င်းက ပြောသည်။

    ထို့အတူ အောက်စီဂျင်ကို Flow meter မပါဘဲ မသုံးရန်၊ ညွှန်ကြားချက်မရှိဘဲ မသုံးစွဲရန်၊ အောက်စီဂျင်အိုး မဟုတ်သည့် တခြားမသန့်စင်သည့် အိုးများ မသုံးစွဲရန် အထူး သတိထားသင့်ကြောင်း ၄င်းက ဆက်ပြောသည်။


    မော်လမြိုင်သာသနာနွယ်ဖောင်ဒေးရှင်းက အောက်စီဂျင်စက်ရုံတစ်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း၊ ထို့အတူ သံဖြူဇရပ်မြို့တွင်လည်း အောက်စီဂျင်စက်ရုံ ၂ ရုံ တပ်ဆင်နေကြောင်း သတင်းရရှိသည်။

    -မော်လမြိုင်တွင် အောက်စီဂျင်တန်းစီနေပုံ(Photo Zin Moe)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks