Sunday, March 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ပြည်တွင်းစစ်မီး တောက်လောင်စေနိုင်ဟု PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်စစ်ဆို

    စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ပြည်တွင်းစစ်မီး တောက်လောင်စေနိုင်ဟု PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်စစ်ဆို

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ မေ ၂၇)

    နိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနှင့် ဖြေရှင်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်သည့် လုပ်ရပ်ဖြစ်နေကြောင်း မေ ၂၇ ယနေ့ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    “စစ်ကောင်စီ မတရားအုပ်ချုပ်တဲ့ကာလမှာ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍရေး၊ ပညာရေး၊ လုံခြုံရေး၊ တရားဥမဒေစိုးမိုးရေးနှင့် အခြားကဏ္ဍတွေမှာ အစစအရာရာ ပျက်စီးယိုယွင်း ကျဆင်းနေတာဟာ စစ်ကောင်စီရဲ့ နည်းလမ်းမမှန်တဲ့ စီမံအုပ်ချုပ်ခြင်းကြောင်းပဲ ဖြစ်ပါတယ်။ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို အကြမ်းဖက်နည်းလမ်းနဲ့ ဖြေရှင်းတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်တွင်းစစ်မီးကို ဟုန်းဟုန်းတောက်လောင်စေနိုင်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က မှတ်ချက်ပြုသည်။

    ဧပြီလာ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံဦ ဂျာကတာမြို့တွင် ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် အာဆီယံ၏ ကြိုးပမ်းမှုကို စစ်ကောင်စီက ယခုအချိန်အထိ ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်ခြင်းသည် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

    ထို့အပြင် စစ်ကောင်စီကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ညှိုးနွယ်ပြီး မျက်နှာငယ်ရသည့်အဖြစ်ကို ရောက်ရှိနေပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

    “စစ်ကောင်စီကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာညှိုးနွမ်းပြိး မျက်နှာငယ်ရတဲ့ အဖြစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အများရဲ့ ဖယ်ကြဉ်ခြင်းကို ခံနေရပါတယ်” ဟု မှတ်ချက်ပြုသည်။

    တပ်မတော်မှ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့သည်မှာ ၄ လပြည့်တော့မှာြဖစ်ပြီး စစ်ကောင်စီအုပ်ချုပ်သည့် ကာလအတွင်း စစ်တပ်နှင့် ရဲတွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ပြည်သူ (၈၀၀) ကျော် သေဆုံးပြီး (၅၀၀၀) ကျော် ဥပဒေမဲ့ ဖမ်းဆီးခံခဲ့ရသည်။

    စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချက်ရပ်တန့်ရန် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ တောင်းဆိုချက်ကို မထေမဲ့မြင် မျက်ကွယ်ပြုနေသည်ဟု ဗိုလ်ချုပ်မှူးကြီး ယွက်စစ်၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် ကရင်အမျိုးသားအစည်းရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ်တပ်ဦး (ABSDF)၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ၏ (PPST) အစည်းအဝေး (၁၆/၂၀၂၁) ကို Video Conferencing ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

      

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks