Wednesday, March 18, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦး လက်ပစ်ဗုံးအပစ်ခံရ ပေါက်ကွဲဗုံးစထိမှန်သော်လည်း စိုးရိမ်စရာမရှိ

    ရေးမြို့လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦး လက်ပစ်ဗုံးအပစ်ခံရ ပေါက်ကွဲဗုံးစထိမှန်သော်လည်း စိုးရိမ်စရာမရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ မေ ၁၄)

    ရေးမြို့ လူမှုရေးအသင်းအဖွဲ့များတွင် တက်ကြွလှုပ်ရှားသူ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးအောင်နိုင်ဝင်း အောင်သုခရပ်ကွက် နေအိမ်တွင်ရှိနေစဉ် ပြီးခဲ့သည့်ညပိုင်းအချိန်က လက်ပစ်ဗုံးတစ်လုံးအပစ်ခံရသဖြင့် ပေါက်ကွဲဗုံးစများထိမှန်သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း နီးစပ်သူမိတ်ဆွေများထံမှ သိရသည်။

    “ည ၇ နာရီကျော်လောက်မှာ လူ ၂ ယောက် ဆိုင်ကယ်တစ်စီးနဲ့ သူ့အိမ်ရှေ့ကနေ ပစ်သွင်းလိုက်တာလို့သိရတယ်၊ ဒဏ်ရာစိုးရိမ်စရာမရှိပါဘူး၊ ဗုံးကွဲပြီးတော့ စစ်တပ်နဲ့ရဲရောက်လာတယ်၊ ဗုံးသံက တစ်မြို့လုံးလိုလို အကျယ်ကြီးကြားရတယ် ဆရာမျိုးဝင်းအိမ်ဘေးပေါက်ကွဲတုန်းကလည်း အခုလိုအသံအကျယ်ကြီးကြားရတာပဲ” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။ 

    ရေးမြို့နယ် ကျိုက်ဒေတမော့ဗြတ် ကိုရင်လေးဆရာတော် လက်ရှိဖွင့်လှစ်ထားသော အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတွင် ကြီးကြပ်ရေးကော်မတီဝင်အဖြစ် ဦးအောင်နိုင်ဝင်း နေ့စဉ်ပရဟိတလုပ်ငန်းများဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး မီဒီယာသမားများနှင့် အသိအကျွမ်းများသည့် ရေးတော်ဝင်သတင်းလွှာအယ်ဒီတာချုပ်ဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအမတ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ 

    အလားတူ နေအိမ်မှတိမ်းရှောင်နေဆဲဖြစ်သည့် ရေးမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နေအိမ်နံဘေးတွင် မေလ ၉ ရက်နေ့ နံနက်စောစောပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ လူအထိအခိုက်မရှိသော်လည်း အနီးရှိနေအိမ်တစ်ချို့ ပြတင်းမှန်များကွဲအက်ခဲ့ကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

    Photo- ဦးအောင်နိုင်ဝင်း Facebook Profile ဓါတ်ပုံ (Aung Naing Win)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks