spot_img
Saturday, July 12, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်နှင့်ကရင်ပြည်နယ်အပြင် ရန်ကုန် ဧရာဝတီ တနင်္သာရီတိုင်းတို့တွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်

    မွန်နှင့်ကရင်ပြည်နယ်အပြင် ရန်ကုန် ဧရာဝတီ တနင်္သာရီတိုင်းတို့တွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးစတင်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၈)

    ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်နှင့် ကရင်ပြည်နယ်အပြင် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်များတွင် မွန်အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခူအခါ မဲဆွယ်စည်းရုံးရေးများ စတင်ဆောင်ရွက်နေပြီဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ အမျိုးသမီး(မွန်) ပါတီအနေဖြင့် စက်တင်ဘာ ၁၃ ရက်နေ့က မော်တော်ကားတန်းဖြင့် စည်းရုံးရေးလှည့်လည်ခဲ့ရာတွင် ဒေသခံလူထုများ လက်ခံသည့်အနေအထားရှိကြောင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ပါတီ ဥက္ကဌ မိသန်းရှင်က ပြောသည်။

    “ကျမတို့ကားတန်းနဲ့ လှည့်လိုက်တယ် တစ်ခေါက်ပြီးသွားပြီ အဆင်တော့ပြေပါတယ် ကျမတို့အတွက် မဲသေချာပေါက်ရမယ်လို့တော့ မပြောနိုင်ဘူး ဒါပေမယ့် မွန်အမျိုးသမီးတွေကျတော့လည်း လူတွေကအများကြီး လက်ခံတဲ့အနေအထား ချစ်ခင်တဲ့အနေအထားတွေတော့ မြင်နေရတာပေါ့နော် ကျမတို့အတွက်လမ်းပွင့်နေပြီလို့ပြောလို့ ရပါတယ်၊ ကျမတို့ပါတီတော့ လူတွေအားလုံးက သိသွားတာပေါ့နော် ပါတီကြော်ငြာတာလောက်ကတော့ ရမယ် ဒါပေမယ့် ပြောလို့မရဘူးလေ အခြေအနေကလည်း ရနိုင်တဲ့အနေအထားလည်း ရချင်ရသွားမှာပေါ့ ပြည်သူကျတော့လည်း ကျမတို့ကိုလိုလားနေတဲ့အပိုင်းတွေ ရှိပါတယ်” ဟု မိသန်းရှင်က ဆိုသည်။

    အမျိုးသမီး(မွန်) ပါတီက ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ၁ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ၁ ဦး ကျောင်းကုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ၂ ဦးနှင့် ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ၁ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    ထို့အတူ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြသော ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်ယှဉ်ပြိုင်ရသည့်အတွက် စည်းရုံးရေးဆင်းသည့်အခါ မိမိတို့ပြည်နယ်ကဲ့သို့ အင်တိုက်အားတိုက်မဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း မိအေးဇာဝင်းက ဆိုသည်။

    မိအေးဇာဝင်းက “ကျမတို့တောင်ဥက္ကလာပေါ့နော် ဆိုင်းဘုတ်တင်အခမ်းအနားလုပ်ပြီးတော့ ဆိုင်းဘုတ်တင်တယ် ကျမတို့ရပ်ကွက်က မွန်နည်းနည်းပါးပါး ခေါ်ပြီးတော့ ကျမတို့ကိုယ် မိတ်ဆက်တယ် အဲလောက်ပဲ ကျမတို့လုပ်ထားပါသေးတယ် မွန်ပြည်နယ်နဲ့တော့ မတူးဘူးပေါ့ရှင် ဒီမှာမဲဆွယ်စည်းရုံးရေးလုပ်ရတဲ့အခါကျတော့ မွန်ပြည်နယ်ကျတော့ အင်တိုက်အားတိုက်ရှိတာပေါ့နော် ကျမတို့ကျတော့ တိုင်းရင်းသားပေါင်းစုံကို ကျမတို့က စုပြီးနေထိုင်တဲ့ဒေသဖြစ်လို့မို့လို့ ကျမတို့က တိုင်းရင်းသားအားလုံးအတွက်ကိုပဲ အခုဟာက ဖက်ဒရယ်ကိုသွားမှာဆိုလို့ရှိရင် ဖက်ဒရယ်ကိုပဲ ကျမတို့က မဲဆွယ်စည်းရုံးရေးဆင်းရမှာပါရှင့်”ဟု ပြောသည်။

    ထို့အတူ အမျိုးသမီးကိုယ်စားလှယ်လောင်းပါဝင်လာသဖြင့် စည်းရုံးရေးဆင်းသည့်အခါ လူငယ်နှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပိုပြီးစိတ်ဝင်စားလာကြသည်ကို မြင်တွေ့ရကြောင်း ကရင်ပြည်နယ်လွှတ်တော် ကော့ကရိတ်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း မိအေးယဉ်ဝင်းက ပြောသည်။

     “အခုလက်ရှိလောလောဆယ် ပြည်သူတွေရဲ့တုံ့ပြန်မှုက အခြေအနေကောင်းတယ်လို့ ပြောရမှာပေါ့နော် ဒီသွားခဲ့တဲ့နေရာဆိုလို့ရှိရင် ကော့ဘိန်းရယ် ကော့ပေါက်ရယ် ပြီးလို့ရှိရင် မင်းရွာရယ် အဲဒါကျတော့ ပါတီဆိုင်းဘုတ်ကြီး ကိုယ့်ရဲ့ပိုစတာတွေပေါ့နော် တင်ဖြစ်ခဲ့တယ် အဲမှာဆိုလို့ရှိရင် လူငယ်တွေ ဆိုလို့ရှိရင် ပိုပြီးအားရတာပေါ့နော် ကျမဝင်ပြိုင်လိုက်တဲ့အတွက်ပေါ့နော် တချို့ရွာတွေမှာဆိုလို့ရှိရင် မိန်းခလေးတွေ နိုင်ငံရေးဘက်ကို ပိုပြီးတော့ စိတ်ဝင်စားလာတယ် အဲဒီအတွက် ကျမဝမ်းသာတာပေါ့နော် နောက်တစ်ခု ကိုယ်က မိန်းခလေးဖြစ်တဲ့အတွက် ကိုယ်က နိုင်ငံရေးအတွေ့အကြုံလည်း အခြားသူတွေနဲ့စာလို့ရှိရင် ကိုယ်ကနည်းနည်း အားနည်းတာပေါ့နော် အချို့ဆိုလို့ရှိရင် ပြောကြတယ် နုသေးတာပေါ့ အဲလိုပြောကြတဲ့လူလည်း ရှိတာပေါ့နော်”ဟု မိအေးယဉ်ဝင်းက ဆိုသည်။

    မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ၁၆ ဦးနှင့် အမျိုးသမီး(မွန်) ပါတီ ကိုယ်စားလှယ်လောင်း ၅ ဦး စုစုပေါင်း မွန်အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၁ ဦး လာမည့်ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။

    သို့ရာတွင် တနင်္သာရီတိုင်ဒေသကြီးရှိ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးခရီးစဉ် မစတင်နိုင်သေးကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts