spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းသတင်းပေါက်ကြားမှုကြောင့် မုတ္တမပင်လယ်ကွေ့ တရားမဝင်ငါးဖမ်းသူများကို အနည်းငယ်သာဖမ်းဆီးရမိ

    သတင်းပေါက်ကြားမှုကြောင့် မုတ္တမပင်လယ်ကွေ့ တရားမဝင်ငါးဖမ်းသူများကို အနည်းငယ်သာဖမ်းဆီးရမိ

    -

    ရန်လင်းအောင် (သထုံ၊ စက်တင်ဘာလ ၁၄)

    မွန်ပြည်နယ် မုတ္တမပင်လယ်ကွေ့တွင် တရားမဝင် ငါးဖမ်းနေသူများကို သွားရောက်စစ်ဆေးစဉ် သတင်းပေါက်ကြားမှုကြောင့် အနည်းငယ်သာ ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

    “မထွက်ခင် ပင်လယ် ပြင်မှာ တော်တော်များများ တရားမဝင် ငါးဖမ်းတဲ့ သူတွေက အယောက်၂၀ လောက်ရှိတယ် ဒါပေမဲ့ မထွက်ခင်မှာ သတင်းတွေက ပေါက်တယ် ပေါက်တော့ သူတို့တွေလည်း ထွက်ပြေးကြတယ် လိုက်ဖမ်းရတာ အထိအမိနည်းတယ် ဖမ်းရတာလည်း ပိုပင်ပန်းသွားပါတယ်” ဟု ၎င်းကဆိုသည်။

    စက်တင်ဘာလ ၁၁ ရက်နေ့က ငါးသယံဇာတထိန်းသိမ်းရေးနှင့် ကင်းလှည့် အဖွဲ့မှ သထုံမြို့နယ် အဖွဲ့ (၁) နှင့် ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ် တို့မှ အဖွဲ့ (၂) တို့ဖြင့်  အဖွဲ့ဖွဲ့ကာ ဖမ်းဆီးခဲ့ကြသည်။

    ထိုသို့ ဖမ်းဆီးရမှာ အဖွဲ့(၁) က တရားမဝင် ၁ လက်မအောက် ငါးဖမ်းပိုက် လက်လန်(၁၂၀၀) ကို မီးရှို့ ဖျက်စီးခဲ့ပြီး (၁) လက်မ အထက် တရားဝင် ငါးဖမ်းပိုက် လက်လန် (၈၀၀) ကျော်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

    တရားမဝင် ငါးဖမ်းစီးရေး အဖွဲ့ (၁) ကလိုက်ပါခဲ့သည့် သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန မှ ဦးစီးမှူး ဦးဇော်မင်းထွန်းက “ပထမဆုံး ၁ လက်မအောက်ပိုက် တွေ့တယ် နင်းထားတယ် မွန်ပြည်နယ်ငါးလုပ်ငန်း ဥပဒေအရက ၁ လက်မအောက်ငါးဖမ်းပိုက်ကို လုံးဝခွင့်မပြုဘူး မီးရှို့ဖျက်ဆီးတာက လိုက်လန် ၁၂၀၀ လောက်ရှိတယ် သိမ်းဆည်းတာက လိုက်လန် ၈၀၀ လောက်ရှိပါတယ် ပိုင်ရှင်မဲ့ ဖမ်းဆီးတာပါခင်ဗျ ပိုင်ရှင်က လာမယူဘူး သူက ပြေးသွားတယ်” ဟု ဆိုသည်။

    ယင်းအပြင် အဖွဲ့(၂) မှ ဖမ်းစီးရာတွင် ငါးဖမ်းပိုက် လက်လန် (၁၀၀၀) ခန့်၊ ငါးပိသာချိန် (၉၄ ) ပိသာ၊ စက်လှေ (၂) စီး နှင့် ရေလုပ်သား(၁၂) ဦးတို့ကို ဖမ်းစီးရမိခဲ့သည်။

    သောင်းဝိုင်းငါးဖမ်းပိုက် ဖြင့် ငါးဖမ်းစီးရာတွင် ပိုက်ကို အောက်ကိုနင်းထားတာက ငါးပြုန်းတီးမှုကို ဖြစ်စေပြီး ငါးအလေအလွင့် ဖြစ်သည်ဟု သထုံခရိုင် ရေလုပ်သား ဖွံ့ဖြိုးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

    “အောက်ကို လွှတ်ထားခြင်းအားဖြင့် သူက အပေါ်ကို လွှတ်လွှတ်လပ်လပ် တက်ခွင့်ရှိတယ် ပြန်ဆင်းလာရင်တော့ ဖမ်းတယ်ပေါ့ ဆိုတော့ ရေကျတဲ့ ငါးတွေကိုပဲ သူတို့ဖမ်းတယ် ငါးကို ထိန်းထိန်းသိမ်းသိမ်း ဖမ်းတယ်ပေါ့နော် အောက်ကို နင်းထားရင် ရေတက်ကနေ လာတဲ့ ငါးတွေက ညှိပြီးဆိုရင် သူက သေသွားပြီ ရေပြန်ကျရင် သေသွားတဲ့ ငါးတွေက ဖြုတ်ထွက်ကုန်ရော သုံးလို့မရဘူး ကျွန်တော်တို့လည်း မစားရဘူး” ဟု ၎င်းကဆိုသည်။

    ဖမ်းစီးရမိသည့် ငါးများကို စက်တင်ဘာလ ၁၂ ရက်နေ့က လေလံတင်ရောင်းချပြီး နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပြီး (၁) လက်မ အထက် ငါးဖမ်းပိုက်များကိုတော့ ပြည်နယ် ငါးလုပ်ငန်း ကော်မတီသို့ အပ်နှံခဲ့သည်။

    ယင်းအပြင် ဖမ်းစီးရမိခဲ့သည့် စက်လှေ ပိုင်ရှင် အပါအဝင် ရေလုပ်သား ၁၂ ဦးနှင့် စက်လှေ ၂ စီးကို မွန်ပြည်နယ် ငါးလုပ်ငန်းကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် အရေးယူ ဆောင်ရွက်သွားရမှာလည်း ဖြစ်သည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ကျိုက်ထိုမြို့နယ်မှာ ငါးသယံဇာတထိန်းသိမ်းရေးနှင့် ကင်းလှည့် အဖွဲ့က  ငါးဖမ်းလှေ ၂ စီး၊ ရေလုပ်သား ၈ ဦး၊ တရားမဝင် ငါးဖမ်းပိုက်နှင့် ငါးပိသာချိန် ၅၀၀ ကျော်ကို သိမ်းစီးရမိခဲ့သော်လည်း ငါးဖမ်းလှေ ၂ စီးနှင့် ရေလုပ်သား ၈ ဦးကို မွန်ပြည်နယ် အစိုးရ၏ အစည်းအဝေး အဆုံးအဖြတ်ဖြင့် အရေးမယူဘဲ လွှတ်ပေးခဲ့သည်။

    မွန်ပြည်နယ် ငါးဖမ်းဥပဒေအရ တရာမဝင် ငါးဖမ်းနည်း၊ တရားမဝင် ငါးဖမ်းကိရိယာ ဖြင့် ဖမ်းဆီးမှု ကျူးလွန်လျှင် အများဆုံး ထောင်ဒဏ် ၃ နှစ် ဖြစ်စေ ၊ ငွေဒဏ် ၃ သိန်း ဖြစ်စေ နှစ် ရပ်လုံး ဖြစ်စေ ကျခံ နိုင်သည်ဟု ပြဌာန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts