spot_img
Friday, May 3, 2024
More
    spot_img
    Homeသတင်းမြစ်ရေခန်း၍ ဘုရားသုံးဆူဟောင်းသို့ သွားရောက်လေ့လာသူ များ

    မြစ်ရေခန်း၍ ဘုရားသုံးဆူဟောင်းသို့ သွားရောက်လေ့လာသူ များ

    -

    မင်းတော်လ၀ီ – မြစ်ရေ ခန်းခြောက်ခြင်းကြောင့် ပေါ်လာသည့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် ၀င်းကရွာဟောင်းရှိ ဘုရားသုံးဆူစေတီဟောင်းသို့ သွားရောက်လေ့လာသူ များပြားကြောင်း တွေ့ရသည်။

     ရမမြုပ်မီ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်က ဖူးတွေ့ရသည့် ဘုရားသုံးဆူ စေတီဟောင်း (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    ရေမမြုပ်မီ လွန်ခဲ့သည့် အနှစ် ၃၀ ခန့်က ဖူးတွေ့ရသည့် ဘုရားသုံးဆူ စေတီဟောင်း (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ယခင်နှစ် ဧပြီလမှ ရေခန်းခြောက်မှုကြောင့် ဘုရားသုံးဆူစေတီဟောင်း နှင့်အတူ ၀င်းကရွာဟောင်း၊ ကျောင်းဟောင်းနှင့် သိမ်ဟောင်းလည်း ပေါ်လာခဲ့ပြီး မိုးရာသီတွင် ခေတ္တနစ်မြုပ်ခဲ့ရာမှ ယခုနွေရာသီ၌ ပြန်ပေါ်လာခဲ့သည်။

    နေ့စဉ် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ လာရောက်လေ့လာသူ ၅၀ – ၆၀ ခန့် ရှိပြီး ရုံးပိတ်ရက်များတွင် အယောက်တရာကျော် လာရောက်လေ့လာကြကြောင်း ဝင်းကဘုန်းတော်ကြီးကျောင်းမှ သံဃာတော်တပါးက မိန့်သည်။

    “ဗုဒ္ဓဂါယာစေတီ နဲ့ ၀င်းကကျောင်းကြီးကို လာရောက်ဖူးမျော် လေ့လာသူတွေဟာ ဘုရားသုံးဆူ စေတီဟောင်းဆီကိုလည်း သွားကြပါတယ်၊ ရွာဟောင်းအနီးမှာ ရှိတဲ့ စေတီဟောင်းထိ ကားလမ်းကောင်းနေတော့ ကားနဲ့သွားလို့ အဆင်ပြေတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

    လွန်ခဲ့သော ၂၇ နှစ်က ထိုင်းအစိုးရ၏ ထွန်ဖါဖွန် ရေအားလျပ်စစ် စီမံကိန်းကြောင့် ၀င်းကရွာဟောင်း တခုလုံး ရေမြုပ်ခံရပြီး အဆိုပါ ဘုရားသုံးဆူစေတီသည်လည်း ရေအောက် လုံးလုံး နစ်မြုပ်သွားရသည်။

    စံခလယ်ချောင်း ၊ဘီခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ အရပ်၌ အဆိုပါ ဘုရားသုံးဆူ တည်ရှိသည်။

    ကန်ချနပူရီခရိုင်ရှိ ထွန်ဖါပွန် ရေအားလျပ်စစ် ဓါတ်အားပေး စက်ရုံသည် ဤဒေသရှိ မြစ်ချောင်းရေများကို အဓိက အားထားနေရသည်။

    သာမန်နှစ် နွေရာသီ ရေအနည်းဆုံး အချိန်တွင် စံခလယ်ချောင်း၌ ရေအနက် ၁၈ ပေခန့် ရှိသော်လည်း ယခင်နှစ် ရေခန်းစဉ်က ၉ ပေသာ ကျန်ရှိသည်။ ယခုလက်ရှိတွင် စံခလယ် ချောင်း၌ ရေ ၁၂ ပေ ကျန်ရှိကြောင်း ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခပူရီ သစ်သားတံတားအနီး ဖေါင်အိမ် ငှားခြင်းဖြင့် ၂၆ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေ က ပြောသည်။

    “မနှစ်က ရေမှတ်ကို ရောက်ဖို့ သုံးပေပဲ လိုတော့တယ်။ ဖေါင်အိမ်နဲ့ သွားလာရတာ ခက်တော့ ပဲ့ချိတ်စက်လှေတွေနဲ့ သွားကြတာ များတယ်၊ ၀င်းကရွာဟောင်းနဲ့ ဘုရားသုံးဆူ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။

      မြစ်ရေ ခန်းခြောက်ခြင်းကြောင့် မြင်တွေ့ရသည့် ဘုရားသုံးဆူစေတီဟောင်းနှင့် အဝေးမှ မြင်တွေ့ရသည့် ဝင်းကရွာဟောင်းမှ သိမ်တော် (ဓါတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)
    မြစ်ရေ ခန်းခြောက်ခြင်းကြောင့် မြင်တွေ့ရသည့် ဘုရားသုံးဆူစေတီဟောင်းနှင့် အဝေးမှ မြင်တွေ့ရသည့် ဝင်းကရွာဟောင်းမှ သိမ်တော် (ဓါတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ကျော်၀န်းကျင် ဟံသာ၀တီ နေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ၀င်ရောက်ခိုလှုံခဲ့သော မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ခဲ့သည် ဟု လက်ရှိဘုရားသုံးဆူရွာ (ထိုင်း နိုင်ငံ) တွင် သီတင်းသုံးလျက် ရှိသော ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာက ၂၅၃ ကြိမ်မြောက် ဟံသာ၀တီ နေပြည်တော် ပြန်လည်အောက်မေ့ဘွယ် အခမ်းအနားတရပ်၌ သြ၀ါဒ မြွက်ကြားးစဉ် ထည့်သွင်း ပြောကြားသည်။

    ယခုပေါ်လာခဲ့သည့် ဘုရားသုံးဆူဟောင်းနှင့် လက်ရှိခေါ်တွင်နေသည့် ထိုင်း မြန်မာ နယ်စပ် ဘုရားသုံးဆူမှာ ကီလိုမီတာ ၃၀ ခန့် ကွာေ၀းပြီး သက်ကြီးရွယ်အိုတို့၏ ပါးစပ်ရာဇ၀င်အရ ဤဘုရားသုံးဆူဟောင်းသည် ရှေးဧကရာဇ်မင်းများ လက်ထက်က ထိုင်းမြန်မာ နယ်စပ် ဖြစ်ခဲ့သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts