Saturday, March 14, 2026
More
    spot_img
    Homeသတင်းလေကြောင်းခရီးဖြင့်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂ ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံးစတင်တွေ့ရှိ

    လေကြောင်းခရီးဖြင့်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂ ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံးစတင်တွေ့ရှိ

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၄)

    မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ပထမဆုံးစတင်တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ ည ၁၁း ၄၅ နာရီအချိန်၌ သတင်းထုတ်ပြန်ခဲ့သည်။

    အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့  မတ်လ ၁၃ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ဝင်လာသည့် ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားနှင့် အင်္ဂလန်နိုင်ငံမှ မတ်လ ၂၃ ရက်နေ့က လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာသူ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် Covid-19 တွေ့ရှိသူ တီးတိန်မြို့က အမျိုးသားတွင် ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း အဆိုပါ လူနာကို တီးတိန်ပြည်သူ့ဆေးရုံ၌ သီးခြားထားပြီး (isolation) စနစ်တကျစောင့်ကြပ်ကုသလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    အလားတူ အင်္ဂလန်နိုင်ငံမှ ဝင်ရောက်လာသူ အမျိုးသားမှာလည်း မတ်လ ၂၃ ရက်ညအထိ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံတွင် သီးခြားထားရှိပြီး (isolation) စနစ်တကျစောင့်ကြည့်ထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ လူနာအမျိုးသား (၂) ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သည်။

    Covid-19 နှင့်ပတ်သက်၍ ၂၀၂၀ မတ်လ ၂၄ ရက်နေ့ နံနက်စောစောပိုင်း ၀၀း ၃၀ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနသတင်းထုတ်ပြန်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၂၁၂ ဦး၊ သံသယလူနာ ၂ ဦး၊ အခြားရောဂါဖြင့်သေဆုံးသူစောင့်ကြည့်လူနာ ၁၃ ဦးနှင့် ရောဂါကူးစက်ခံရသူ ၂ ဦးဖြစ်ကြောင်း သိရသည်။ 

    Photo- Covid-19 နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks