Sunday, March 15, 2026
More
    spot_img
    Homeသတင်းအောင်သပြေ – နှစ်ကရင်လမ်းတင်ဒါကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှုတ်မိန့်ဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သလား

    အောင်သပြေ – နှစ်ကရင်လမ်းတင်ဒါကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှုတ်မိန့်ဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သလား

    -

    အယ်ဒီတာ့အာဘော်(မေ-၃)

    ဒီမိုကရေစီစနစ်သို့ ဦးတည်ရာတွင် မည်သည့်အရာမျှနှုတ်မိန့်ဖြင့် လုပ်၍မရဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့သည်ကို လူအတော်များများ မှတ်မိကြသေးသည်။

    “ဘာကိုမှ နှုတ်မိန့်နဲ့လုပ်လို့မရပါဘူး၊ ကျမတို့ စည်းကမ်းဥပဒေအရ သေသေချာချာသုံးသပ်ပြီးတော့ လုပ်ပါ့မယ်၊ အဲဒီလိုလုပ်တဲ့အခါမှာ ကျမတို့ဘက်မလိုက်ပါဘူး၊ မှန်တယ်ဆိုတဲ့ဘက်ကပဲ လိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည်။

    ဒီမိုကရေစီစနစ်ဦးတည်ရာတွင် မည်သည့်ကိစ္စကိုမျှ မည်သူတစ်ဦးတစ်ယောက်၏ နှုတ်မိန့်ဖြင့်ဖြစ်စေ ဆောင်ရွက်၍မရဘဲ ထိုသို့ဆောင်ရွက်ခြင်းသည် ဥပဒေအရအကြုံးမဝင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိကျရှင်းလင်းစွာ ပြောကြားခဲ့သည်မှာ တစ်လခွဲပင်မပြည့်သေးပေ။

    ယနေ့မေလ ၃ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ အောင်သပြေ – နှစ်ကရင်လမ်း ဆောင်ရွက်ထားအခြေအနေနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းမေးမြန်းချက်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်ထောင်စု အစိုးရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်တွင် Mini Budget အား တင်ဒါကင်းလွတ်ခွင့်ရှိသည့်အတွက်ကြောင့် အမြန်လုပ်ရသည့်ကိစ္စရပ်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်ကို ကြားသိရသည်။

    အဆိုပါညွှန်ကြားချက်စာအမှတ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆက်လက်မေးမြန်းသောအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှုတ်မိန့်ဖြစ်၍ စာအမှတ်မရှိဟု ပြန်လည်ဖြေကြားခဲ့သည်ကို တွေ့ရှိရသည်။

    ဤသို့ဆိုလျင် အောင်သပြေ – နှစ်ကရင်လမ်းတင်ဒါကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှုတ်မိန့်ဖြင့် တကယ် ကင်းလွတ်ခွင့်ပြုခဲ့လေသလားဟု မွန်သတင်းအေဂျင်စီက ထပ်မံမေးစမ်းလိုက်ချင်သည်။


    Photo- SMD စီမံကိန်းကိစ္စရပ်များကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဝန်ကြီးချုပ်ရှင်းလင်းပြသစဉ်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks