Thursday, March 12, 2026
More
    spot_img
    Homeသတင်းပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် မွန်ပြည်သစ်ကြိုဆို

    ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်၏ ထုတ်ပြန်ချက်အပေါ် မွန်ပြည်သစ်ကြိုဆို

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၆)

    တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး၏ ထုတ်ပြန်ချက်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော ကိုးကန့်အဖွဲ့ MNDJP၊ တအာင်း(ပလောင်) PSLF အဖွဲ့နှင့် ရခိုင်အဖွဲ့ ULA တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်သဖြင့် အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် ရှုမြင်မိပြီး မွန်ပြည်သစ်ပါတီ NMSP ကကြိုဆိုပါကြောင်း ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    မွန်ပြည်သစ်ပါတီ(ဗဟို) နိုင်ငံရေးဌာန ဒုတိယတာဝန်ခံ နိုင်အောင်မငေးက “တပ်မတော်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းလို့သတ်မှတ်ပြီး မဆွေးနွေးခဲ့ဘူး၊ ဒါပေမယ့် အခုထုတ်ပြန်ချက်အရ ကိုးကန့်၊ ပလောင်နဲ့ ရခိုင့်တပ်မတော် AA တို့အပေါ် တပ်မတော်ထိုးစစ်ရပ်နားတယ်ဆိုတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းကြောင်းပွင့်လာတာကို ကျနော်တို့ မွန်ပြည်သစ်က ဝမ်းသာစွာနဲ့ ကြိုဆိုတာပေါ့” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    သို့ရာတွင် စစ်ဆင်ရေးနယ်မြေအလိုက် တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခြင်းသည် အပြုသဘောဆောင်သော်လည်း အချိန်ကန့်သတ်ထားခြင်း၊ နယ်မြေအချို့ချန်လှပ်ထားခြင်း ရှိနေသည်ဟု မွန်ပြည်သစ်ပါတီက ထောက်ပြသည်။

    Photo-NMSP ထုတ်ပြန်ချက်(Copy)

    “ ၄ လနီးပါးလောက်ပဲ အပစ်ရပ်စဲ Ceasefire လုပ်တာမျိုး အချိန်ကန့်သတ်ချက် Time Limit တွေမထားစေချင်ပါ၊ နေရာချန်လှပ်ထားတာမျိုးလည်း မဖြစ်သင့်ပါဘူး၊ တပ်မတော်အနေနဲ့ သဘောထားကြီးစွာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်တာမျိုးဖြစ်သင့်တယ်လို့ တိုက်တွန်းပါတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    ယင်းကဲ့သို့ အချိန်အကန့်အသတ်ဖြင့် ရပ်ဆိုင်ပေးထားခြင်း၊ လောလောဆယ် စစ်ရေးပဋ္ဋိပက္ခတွေဖြစ်နေသော နယ်မြေအချု့ိ ချန်လှပ်ထားခြင်းသည် အားလုံးပါဝင်ပြီး ရေရှည်မှာတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တစုံတရာအဟန့်အတားဖြစ်စေနိုင်သဖြင့် တပ်မတော်မှ နိုင်ငံတဝှမ်းလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲနိုင်ရေး ထုတ်ပြန်သင့်သည်ဟု ယူဆပါကြောင်း မွန်ပြည်သစ်၏ ကြေညာချက်တွင် ရေးသားတိုက်တွန်းထားသည်။

    အလားတူ ကိုးကန့်၊ တအာင်း(ပလောင်)နှင် ရခိုင်တပ်မတော်တို့ ၃ ဖွဲ့အနေဖြင့် တပ်မတော်၏ ကြေညာချက်ကို ကြိုဆိုကြောင်း၊ တိုက်ပွဲများလျော့ချနိုင်ရေးအတွက် အမြန်တွေ့ဆုံဆွေးနွေးရေးမှအဖြေရှာနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ တွေ့ဆုံဆွေးနွေးရေး အဆင်သင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs နှင့် နိုင်ငံရေးပါတီကြီးများ အသီးသီးတို့ကလည်း တပ်မတော်၏ ကြေညာချက်ကို ထောက်ခံကြိုဆိုကြောင်း ယခုရက်ပိုင်းအတွင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

    ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် “၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးပါမည်” ဟု ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks