spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်း(၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ မွန်ပြည်သစ်ပါတီကျင်းပ

    (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ မွန်ပြည်သစ်ပါတီကျင်းပ

    -

    မွန်ပြည်သစ်ပါတီမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ပြန်လည်သုံးသပ်ခြင်းအခမ်းအနားကို ရေးချောင်းဖျားဒေသရှိ ဝယ်ဇင်စခန်း၌ ယမန်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း တက်ရောက်သူများထံမှ သိရသည်။

    စက်တင်ဘာ ၆-၇ ရက်နေ့တွင် ၂ ရက်တာကျင်းပသည့် ယင်းအခမ်းအနားသို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် လက်အောက်ခံဌာနများ၊ ခရိုင်များဖြစ်သော မော်လမြိုင်၊ သထုံ၊ ထားဝယ်နှင့် ဗဟိုပတ်ဝန်းကျင် အုပ်ချုပ်ရေးဒေသ တာဝန်ရှိသူများနှင့် ဖိတ်ကြားသင့်သူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီ၏ (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲ(မွန်ပြည်သစ်သတင်းစဉ်)

    အခမ်းအနားသဘာပတိအဖြစ် မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် မွန်ပြည်သစ်ပါတီ၏ ဆက်စပ်မှုကို၎င်း၊ ဗဟိုနိုင်ငံရေးရာဌာန ဒုတာဝန်ခံ နိုင်အောင်မငေးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) လုပ်ငန်းစဉ်များကို၎င်း ရှင်းလင်းတင်ပြခဲ့သည်ဟု မွန်ပြည်သစ်သတင်းစဉ်က ရေးသားဖော်ပြသည်။

    ကဏ္ဍကြီး ၅ ရပ်ဖြစ်သည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာသယံဇာသဘာဝဝန်းကျင်တို့တွင် နေပြည်တော် (၂၁) ရာစုပင်လုံ(တတိယအစည်းအဝေး) ၌ ဦးဆောင်ဆွေးနွေးခဲ့သည့် မွန်ပြည်သစ်ပါတီခေါင်းဆောင်များ ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်သူများကလည်း သိလိုသည်များကို မေးမြန်းအကြံပြုခဲ့ကြောင်း သိရသည်။

    ထို့ပြင် မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ (၂၁) ရာစုပင်လုံညီလာခံပြန်လည်သုံးသပ်ပွဲကို မကြာမီကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း တက်ရောက်သူများက ဆိုသည်။

    အလားတူ ၂၁ ရာစုပင်လုံညီလာခံရလဒ်များနှင့် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးများကို မွန်နိုင်ငံရေး ပါတီများက သြဂုတ် ၃၁ နှင့် စက်တင်ဘာ ၁ ရက်နေ့တွင်၎င်း၊ မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများက စက်တင်ဘာ ၁ -၂ ရက်များတွင်၎င်း အသီးသီးကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts