Friday, March 20, 2026
More
    spot_img
    Homeသတင်းလာမည့်သုံးနှစ်အတွင်း မုတ္တမစီမံချက်မှ မြို့နယ်တောင်သူအဖွဲ့ ဖွဲ့စည်းသွားမည်

    လာမည့်သုံးနှစ်အတွင်း မုတ္တမစီမံချက်မှ မြို့နယ်တောင်သူအဖွဲ့ ဖွဲ့စည်းသွားမည်

    -

    မုတ္တမပင်လယ်ကွေ့ဒေသ ရပ်ရွာအခြေပြု ကမ်းရိုးတန်း စီမံခန့်ခွဲမှု စီမချက် Community-Led Coastal Management in the Gulf of Mottama Project မှ ဦးဆောင်ပြီး လာမည့်သုံးနှစ်အတွင်း မြို့နယ်တောင်သူအဖွဲ့ကို ဖွဲ့စည်းသွားရန် စီမံချက်များရေးဆွဲထားပြီးဖြစ်ကြောင်း မုတ္တမစီမံချက်မှ စိုက်ပျိုးရေးတာဝန်ခံ ဦးထွန်းဇော်ဌေးက ပြောသည်။

    “ဒီစီမံကိန်းကာလသုံးနှစ်ပြီးရင် ရှေ့ဆက်စီမံကိန်းကာလက သုံးနှစ်ဆက်ဆွဲထားပါတယ်။ ရှေ့ဆက်မယ့်ပုံစံက အနည်းငယ်ပြောင်းသွားမယ်။ ပထမသုံးနှစ်က တောင်သူအဖွဲ့ကို ရွာအဆင့်မှာသာဖွဲ့ခဲ့ပြီး လာမယ့်သုံးနှစ်မှာကျတော့ မြို့နယ်အဆင့်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်”ဟု ဦးထွန်းဇော်ဌေးက ပြောသည်။

    မုတ္တမစီမံချက် တောင်သူကွင်းပြပွဲ(MNA)

    အဆိုပါ ဖွဲ့စည်းထားသည့် တောင်သူအဖွဲ့များမှ စိုက်ပျိုးထုတ်လုပ်ပေးသည့်အသင်းအဖွဲ့များ ပေါ်ထွန်းလာရေးကို ထပ်မံဆောင်ရွက်သွားမည့်အပြင် အစားအသောက် ကုန်သည်ကြီးများအသင်းနှင့် ဆန်စက်ကုန်သည်ကြီးများအသင်းတို့ကို တောင်သူအဖွဲ့နှင့် ချိတ်ဆက်ပြီး ကွာဟနေသည့်စျေးကွက်ကို မြှင့်တင်နိုင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

    တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို အသုံးပြုပြီး စိုက်ပျိုးကြရန်အတွက် လိုအပ်နေပြီး ထွက်ကုန်မှ ထွက်ရှိလာသည့် အရည်အသွေးပေါ်မူတည်၍ ရသင့်ရထိုက်သည့်စျေးကို ရရှိစေရန် တောင်သူများကိုယ်တိုင် စျေးကွက်ထဲကို ရောက်ရှိလာရေးကို လိုအပ်သည့်အပြင် စျေးကွက်ကို အခြေခံသည့် မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးနိုင်ရေးကိုသာ အဓိကကျလာမည်ဖြစ်ကြောင်း ဦးထွန်းဇော်ဌေးက ဆိုသည်။

    ဒေသအတွင်းမှာ တောင်သူများနှင့် ဆွေးနွေးသည့်အခါ မျိုးကောင်းမျိုးသန့်နှင့် နည်းစနစ်ပိုင်းများကို လက်လှမ်းမမှီဘဲ မိရိုးဖလာနည်းအတိုင်း လုပ်ကိုင်နေကြရပြီး အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်စေရန် ဒေသအတွင်း မျိုးကောင်းမျိုးသန့် များ ပွားပြီး ကျန်ရှိနေသည့် တောင်သူများရရှိနိုင်စေရေးကို ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးကျေးရွာ တောင်သူတစ်ဦးဖြစ်သူ ဦးကျော်ဌေးက ပြောသည်။

    “အရင်ကတော့ ကျွန်တော်တို့ မိရိုးဖလာနည်းအတိုင်း လုပ်ကိုင်နေတယ်။ အခုကျတော့ မျိုးကောင်းမျိုးသန့်တွေနဲ့ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ မျိုးတွေ အရည်အသွေးမြင့်မားလာတယ်။ ဒီလိုမြင့်မားလာလို့ စပါးမှာလည်း စျေးကောင်းစျေးသန့်တွေ စျေးကောင်းတွေ ပြန်လည်ရရှိလာတယ်”ဟု ဦးကျော်ဌေးက ဆိုသည်။

    မုတ္တမစီမံချက်မှ ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ မိသားစုဝင်ငွေများ ပိုမိုရရှိလာစေရန်၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် တောင်သူများ နည်းပညာရရှိကျင့်သုံးနိုင်စေရန် တောင်သူကွင်းပြပွဲကို မတ်လ ၂၃ ရက်က ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးကျေးရွာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

    အလားတူ မုတ္တမစီမံချက်အနေဖြင့် ဦးဆောင်၍ ၂၀၁၇ ခုနှစ်အတွင်းက မွန်ပြည်နယ် သထုံမြို့နယ်ရှိ အောင်ကန်သာကျေးရွာမှာ ပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီး ငါးလုပ်ငန်း စုပေါင်းစီမံခန့်ခွဲရေးဇုန်အဖြစ် ပထမဆုံးသတ်မှတ်နိုင်ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks