Tuesday, March 17, 2026
More
    spot_img
    Homeသတင်းတရားမဝင် တင်သွင်းလာသည့် ထိုင်းဝက်အကောင်ရေ ၂၀ဝ နီးပါး မွန်ပြည်နယ်တွင်ဖမ်းဆီးရမိထား

    တရားမဝင် တင်သွင်းလာသည့် ထိုင်းဝက်အကောင်ရေ ၂၀ဝ နီးပါး မွန်ပြည်နယ်တွင်ဖမ်းဆီးရမိထား

    -

    မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှတဆင့် မတရားမဝင် တင်သွင်းလာသည့် ဝက်အကောင်ရေ ၂၀ဝ နီးပါး ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

    ထိုင်းဝက်များ တရားမဝင် တင်သွင်းနေကြောင်း ပြည်သူတို့၏ သတင်းပေးမှုအရ မွန်ပြည်နယ် မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ်၊ ပြည်နယ် တိရိစ္ဆာန်နှင့် တိရိစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ တားဆီးကာကွယ်ရေးကော်မတီတို့၏ စောင့်ဆိုင်းဖမ်းဆီးမှုကြောင့် ဒီဇင်ဘာလ ၂၃ နှင့် ၂၄ ရက်နေ့တို့တွင် ဝက်အကောင်ရေ ၂၀ဝ နီးပါး ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ပြောသည်။

    ဖမ်းဆီးရမိထားသည့် ထိုင်းဝက်ကားတစ်ကား(Nay Min)
    “ဖမ်းဆီးရမိထားတဲ့ ဝက်တွေကို ရောဂါရှိ မရှိ ဝက်သွေးကို ရန်ကုန် ဓါတ်ခွဲခန်းကို ပို့ထားတယ်၊ ပြန်ကြားချက် မရောက်ရှိသေးဘူး” ဟု မွန်ပြည်နယ် မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်သန်းဝင်းက ပြောသည်။

    ထိုင်းမှ တရားမဝင် ဝက်တင်သွင်းနေခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ငန်းဖြင့် မိသားစု စားဝတ်နေရေး လုပ်ကိုင်နေကြသည့် မွေးမြူရေးသမားများ၏ အကျိုးစီးပွားများ ထိခိုက်နေသည့်အခြေအနေကို ကာကွယ်မှုပေးရန်နှင့် ဖြေရှင်းပေးရန် ဒီဇင်ဘာ ၁၃ ရက်နေ့က မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည်။

    ဖမ်းဆီးရမိထားသည့်ဝက်များကို လက်တလော မော်လမြိုင်ရှိ ဝက်ဒိုင်တွေများတွင် ယာယီထိန်းသိမ်းထားပြီး လေလံတင်ရောင်းချသွားရန် စီစဉ်နေသည်ဟု မွန်ပြည်နယ် မွေးမြူးရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းစိန်သောင်းက ပြောသည်။

    ၄င်းက “ဝက်တွေက အရှင်တွေဆိုတော့ လေလံတင် ရောင်းချမှ ရမယ်၊ ပြည်နယ်အစိုးရအမိန့်ကို စောင့်နေတာ၊ ဝက်တစ်ကောင်ကို ကာလပေါက်ဈေး သုံးသိန်းလောက်ရှိတယ်၊ လေလံတင်ရောင်းချရတဲ့ ငွေတွေကို ပြည်နယ်အစိုးရရဲ့ ဘဏ္ဍာငွေထဲကို ထည့်သွားမယ်” ဟု ပြောသည်။

    ထိုင်းဝက်များ တရားမဝင် ဝင်ရောက်လာမှုကြောင့် လတ်တလောတွင် ပြည်နယ်အတွင်းရှိ ဝက်မွေးမြူရေးခြံ ၅၀ ကျော်မှ ဝက်အကောင်ရေ ၁၅၀ဝ ကျော်တို့က ရောင်းရက်ရောက်သော်လည်း အဝယ်ဒိုင်များ လာရောက်ဝယ်ယူခြင်းမရှိသည့်အတွက် ကျပ်သိန်းရာနှင့်ချီ နစ်နာဆုံးရှုံးမှုရှိနေသည် ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks