Wednesday, March 11, 2026
More
    spot_img
    Homeသတင်းအမျိုးသားအဆင့်အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲအကြို မွန်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

    အမျိုးသားအဆင့်အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲအကြို မွန်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

    -

    အမျိုးသားအဆင့် အကြောင်းအရာအလိုက် နိိုုင်ငံရေးဆွေးနွေးပွဲအတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ မော်လမြိုင်မြို့ ရာမညဟိုတယ်တွင်
    မွန်ပြည်နယ်အရပ်ဖက် လူမှုအဖွဲ့အစည်းများက နိုင်ငံရေးဆွေးနွေးပွဲအကြို ငြိမ်းချမ်းရေးဖိုရမ်တစ်ခုကျင်းပလျက်ရှိကြောင်း တွေ့ရသည်။

    လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင်ကျင်းပမည့် အမျိုးသားအဆင့်အကြောင်းအရာအလိုက် နိုင်ငံရေး ဆွေးနွေးပွဲတွင် မွန်ပြည်နယ်အတွင်းရှိအရပ်ဖက်အဖွဲ့အစည်း၏အသံများ၊ ပြည်ထောင်စုဖိုရမ်တက်ရန် ပြည်နယ်မှကိုယ်စားလှယ် ရွေးချယ်ရန်နှင့် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း အချင်းချင်း ချိတ်ဆက်မှုရှိရန်ရည်ရွယ်ပြီး ဖိုရမ်ကျင်းပခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ထောင်စုအဆင့် အရပ်ဖက် အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင် မခိုင်ခိုင်လဲ့မြင့်က မွန်သတင်းအေဂျင်စီ ကိုပြောသည်။

    မွန်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်(MNA)
    မခိုင်ခိုင်လဲ့မြင့်က“အခုလို ပြည်နယ်နဲ့တိုင်းကကျင်းပတဲ့ဖိိုရမ်မှရလာတဲ့ အချက်အလက်တွေကို ပြည်ထောင်စုဖိုရမ်မှာ တူတဲ့အချက်တွေမတူတဲ့အချက်တွေကိုစုစည်းပြီးတော့ ပြည်ထောင်စု အရပ်ဖက်အဖွဲ့အစည်းရဲ့မူဝါဒနဲ့ဆိုင်တဲ့ အထောက်အထားတွေထွက်လာမယ်၊ အဲဒါတွေကို UPDJC ရဲ့လုပ်ငန်းကော်မတီမှာ တင်သွင်းရမယ်၊ အဲဒီကတစ်ဆင့် ပင်လုံညီလာခံကိုသွားဖို့အတွက် UPDJC ကနေခေါင်းစဉ်တစ်ခုပဲရွေးပြီး တင်သွင်းသွားမယ်” ဟု ဆိုသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးရမည့် ဖက်ဒရယ်ဆိုသည့် ခေါင်းစဉ်နှင့်ပတ်သက်ပြီး ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများက အဓိကထားဆွေးနွေးသွားခြင်းဖြစ်ကြောင်း သူမကဆက်ပြောသည်။

    တိုင်းရင်းသားလူမျိုးများအနေဖြင့် ကာလကြာရှည်စွာအမြစ်တွယ်လာသည့် ပဋိပက္ခများရှိနေပြီး ယင်းပဋိပက္ခများနှင့် ပတ်သက်ပြီးအမြင်မရှင်းမှုများရှိနေသည့်အတွက် ယခုကဲ့သို့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလမ်းစဉ်၊ ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်နှင့်ပတ်သက်ပြီး အမြင်ရှင်းသွားရန် လုပ်ဆောင်ဖို့အဓိကကျကြောင်း ပညာ Institute မှ ဒါရိုက်တာ ဦးရဲထွဋ်နိုင်က ပြောသည်။

    မွန်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်(MNA)
    “နိုင်ငံရေးလုပ်ဆောင်ချက်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေး၊ ကိုယ်ပိုင်အခွင့်အလမ်း တွေကအစ လက်ရှိသွားနေတဲ့လမ်းစဉ်မှာ ဘယ်လိုကာကွယ်ထားရမလဲ ဆိုတဲ့အချက်ကအရေးကြီးတယ်၊ ဒီအရေးကြီးတဲ့အချက်ကလည်းဘဲ လူများစုဖြစ်တဲ့ ဗဟိုအစိုးရကနေပြီးလုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ဆွေးနွေးခြင်းက ပိုပြီးထိရောက်တယ်” ဟု သူကဆိုသည်။

    ယင်းကဲ့သို့ ဖိုရမ်ကျင်းပခြင်းအားဖြင့် မွန်ပြည် ၁၀ မြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၏အသံများ တစ်စိတ်တစ်ပိုင်းမှ ပါဝင်လာနိုင်သည့်အတွက် လက်ရှိသွားနေသည့် ဒီမိုကရေစီလမ်းကြောင်း အနေဖြင့် တစ်ဖြည်းဖြည်းအသက်ဝင်လာမည်ဖြစ်ကြောင်း သူကထောက်ပြသည်။

    မွန်ပြည်နယ် အရပ်ဖက်အဖွဲ့ မှကျင်းပသည့် ဒုတိယအကြိမ်ငြိမ်းချမ်းရေးဖိုရမ်ကို ၃ ရက်ကြာကျင်းပ သွားမှာဖြစ်ပြီး မွန်ပြည်နယ် ၁၀ မြို့နယ်မှ ကိုယ်စားလှယ် စုစုပေါင်း ၁၈၀ ကျော် တက်ရောက်လျက်ရှိသည်။

    အလားတူ ရခိုင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်တွေမြို့၌ ၃ ရက်ကြာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks