spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရာဘာဒိုင်စက်ရုံများအား နေရာပြောင်းရွေ့ရန် မလွယ်ကူဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

    ရာဘာဒိုင်စက်ရုံများအား နေရာပြောင်းရွေ့ရန် မလွယ်ကူဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဆို

    -

    မွန်ပြည်နယ် မုဒုံမြို့ရှိရာဘာဝယ်ဒိုင် စက်ရုံများကို ပြည်သူများနှင့်ဝေးရာသို့ပြောင်းရွှေ့ရန်မဖြစ် နိုင်ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပသည့်၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    ရေဆိုးရေညစ်ထုတ်လွှတ်မှုကြောင့် စက်ရုံပြောင်းရွှေ့ရမည်ဆိုပါက အခြားသောနေရာပြောင်း ရွှေ့မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုရှိမှာဖြစ်သည့်အတွက် အခုတည်ဆဲ နေရာတွင်စနစ်တကျ ပြန်လည်ပြပြင်ခြင်းက ပိုမိုထိရောက်မှုရှိကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(MNA)
    ဝန်ကြီးချုပ်က “ ဒီစက်ရုံကို တစ်ခြားတစ်နေရာပြောင်းရွှေ့မယ်ဆိုလည်း ပြောင်းရွှေ့တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ဦးမယ်၊ တကယ်လို့ ပိတ်သိမ်းမယ်ဆိုလည်း မွန်ပြည်နယ်ရဲ့ အဓိကကျတဲ့စီးပွားရေးလုပ်ငန်းကို တုန့်ခနဲ ရပ်ဆိုင်းလိုက်ရမယ့်အခြေအနေအထိဖြစ်သွားနိုင်တဲ့အတွက် အခုလိုစနစ်တကျဖြစ်အောင် ပြန်လည်ပြုပြင်စေတာ ဖြစ်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ ရာဘာစက်ရုံများကို ခရီးသွားပြည်သူများ ကင်းလွတ်ရာနှင့် အတည်တကျနေထိုင်ကြသော ရပ်ကွက်ပြည်သူများနှင့် ကင်းဝေးရာသို့ ပြောင်းရွှေ့ပေးရေး အလေးအနက်တိုက်တွန်းကြောင်းအဆိုအား ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ကျင်းပသည့်စက်တင်ဘာလ ၈ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

    သို့ရာတွင် လွှတ်တော်မှယင်းကဲ့သို့အတည်ပြုခဲ့ပြီးဖြစ်သော်လည်း ရာဘာအဝယ်ဒိုင်စက်ရုံများကို နေရာမပြောင်းရွေ့ဘဲ အနံ့အသက်ပျောက်အောင်ပြုလုပ်ပေးရန် မွန်ပြည်နယ်အစိုးရမှ ညွှန်ကြားခဲ့ကြောင်းသိရသည်။

    မုဒုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က “ ရာဘာစက်ရုံကို ရပ်နားပေးဖို့တောင်းဆိုတာမဟုတ်ဘူး၊ ပြည်သူတွေရဲ့ ခံစားချက်ကိုကြည့်ပြီး ပြည်သူ တွေနဲ့ဝေးတဲ့နေရာကို ပြောင်းရွှေ့ဖို့တောင်းဆိုတာပါ၊ ဒီစက်ရုံတွေကိုရပ်နားလိုက်မယ်ဆို မွန်ပြည်နယ်ရဲ့ အကျိုးစီးပွားကိုထိခိုက်မှာဖြစ်တဲ့အတွက် ပြောင်းရွှေ့ပေးဖို့ပဲ တောင်းဆိုရတာပါ”ဟု ဆိုသည်။

    ထိုရာဘာစက်ရုံမှ ထွက်သည့်ရေဆိုးရေညစ်များက စက်ရုံဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ လမ်းသွားလမ်းလာများ စိတ်အနှောက်အယှက်ဖြစ်စေသည့်အတွက် စက်ရုံကိုလူနေပတ်ဝန်းကျင်နှင့် ဝေးသောနေရာတွင် ပြောင်းရွှေ့ပေးရန်သာ တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေါ်မြသိင်္ဂီမော်ကဆိုသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၃၁ နေ့တွင် အစိုးရညွှန်ကြားချက်အတိုင်း ဖူးရှင်စက်ရုံတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် အနံ့ဆိုးထွက်စေသည့်ရေဆိုးတို့ကို စနစ်တကျစွန့်ပစ်နိုင်ရန် Green Myanmar ကုမ္ပဏီနှင့် ပူးပေါင်းပြီးဆောင်ရွက်နေဖြစ်ကြောင်း ဖူးရှင်ရာဘာဒိုင်မှ ဝယ်ယူရေးမန်နေဂျာ ဦးသူရက၏ ပြောပြချက်အရသိရသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ရာဘာအဝယ်ဒိုင် ၃၇ ခုရှိသည့်အနက်၊ မုဒုံမြို့နယ်မှာ ၁၀ ရုံရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. Relocation of Rubber processing factory may cause the environmental disordered to new place is impossible, for establishing new factories are in accordance with regulations that written by Regional /State Government .If someone in the Government body have sympathies on the Rubber factories tycoons, I have no excuses else. But be care, producing one ton of rubber sheets consumed 20 tons of cleaned water in international standard. Where do keep such huge sewages.To my own account in Vietnam, a 20ton rubber sheets factory have an acre wide sewage and water treatment tank so far.

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts