spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံးမေးခွန်းသည် မွန်ပြည်နယ်မေးခွန်းထက် ပိုမိုလွယ်ကူကြောင်း တက္ကသိုလ်ဝင်ကျောင်းသား/သူများဆို

    တစ်နိုင်ငံလုံးမေးခွန်းသည် မွန်ပြည်နယ်မေးခွန်းထက် ပိုမိုလွယ်ကူကြောင်း တက္ကသိုလ်ဝင်ကျောင်းသား/သူများဆို

    -

    ယနေ့ မတ်လ (၈) ရက်၌ မြန်မာတစ်နိုင်ငံလုံးတက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ကြသည့် မော်လမြိုင်မြို့ရှိ ကျောင်းသား/သူများက တစ်နိုင်ငံလုံးမေးခွန်းသည် မွန်ပြည်နယ်မေးခွန်းထက် ပိုမိုလွယ်ကူကြောင်း ပြောသည်။

    “ဒီနေ့ မြန်မာစာမေးခွန်းက လွယ်တယ်၊ ထင်တာထက် ပိုလွယ်နေတယ်၊ ပြည်နယ်မေးခွန်းနဲ့ ဘာမှမဆိုင်ဘူး ဒီမှာကြ ဖြေရတာ ပိုအဆင်ပြေတယ်” ဟု အ-ထ-က (၉) မော်လမြိုင်မှ ကျောင်းသူ မိသဇင်သာ ကပြောသည်။

    တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ဖြေဆိုပြီး ကျောင်းသားများ(MNA)

    ပထမရက်၌ မြန်မာစာဘာသာကို လွယ်ကူစွာ ဖြေဆိုနိုင်ခဲ့သော်လည်း ဓာတုဗေဒဘာသာရပ်တွင် ဝါကျအတိုများပြီး (၁) တန်မှတ်တန်မေးခွန်းလည်း များသည့်အတွက် သူမအနေဖြစ်စိတ်ပူနေမိကြောင်း မိသဇင်သာ ဆက်ပြောသည်။

    ၄င်းတက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၈) ရက်နေ့- မြန်မာစာ၊ (၉) ရက်-အင်္ဂလိပ်စာ၊ (၁၀) ရက်-သင်္ချာ၊ (၁၁) ရက်-စိတ်ကြိုက်မြန်မာစာ၊ (၁၃) ရက်နေ့-ဓာတုဗေဒ၊ (၁၄) ရက်နေ့-ရူပဗေဒ၊ (၁၅) ရက်နေ့-ဇီဝဗေဒနှင့် ဘောဂဗေဒ၊ (၁၆) ရက်နေ့-ပထဝီဝင်၊ (၁၇) ရက်နေ့- သမိုင်းဘာသာရပ်တို့ကို ဖြေဆိုသွားမည် ဖြစ်သည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်ရှိ အစိုးရစာသင်ကျောင်းအသီးသီးမှ တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအား ခရိုင်မေးခွန်းကိုလည်းကောင်း၊ ဇန်နဝါရီ ပထမအပတ်၌ ပြည်နယ်မေးခွန်းကိုလည်းကောင်း၊ ဖေဖော်ဝါရီလမှာလည်း ကျောင်းအလိုက်မေးခွန်းတို့ကိုလည်းကောင်း စမ်းသပ်ဖြေဆိုထားရကြောင်း သိရသည်။

    “မြို့နယ် ပြည်နယ်မေးခွန်းတွေ ဖြေခဲ့ကြတုန်းကတော့ ကလေးတွေက အတွေ့အကြုံနည်းတဲ့အတွက် သူတို့အမှတ်တွေက ထင်သလောက်သူတို့ မရကြဘူး၊ ဒီတစ်ခေါက်ဖြေမယ့်မေးခွန်းလေးက ဘက်လည်းညီတယ်၊ ကောင်းတဲ့အတွက် သူတို့ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်လာတာတွေ့ရတော့ ခါတိုင်းစစ်တဲ့စာမေးပွဲထက်စာရင် ပိုအားရပါတယ်” ဟု ရွှေမြိုင်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ဒေါ်နီလာစိုးက ပြောသည်။

    မြန်မာဘာသာဖြင့် ဖြေဆိုရသည့် ဘာသာရပ်များကို စိတ်ပူစရာမလိုသော်လည်း အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရသည့် သင်္ချာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာရပ်များတွင် ကျရှုံးမှုများပြားသည့်အတွက် ၄င်းဘာသာတို့ကို ပိုမိုစိတ်ပူမိကြောင်း ၄င်းကဆက်ပြောသည်။

    ၂၀၁၆-၁၇ ခုနှစ် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း စာစစ်ဋ္ဌာနပေါင်း (၅၀) ရှိပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းတင်ထားသည့် ကျောင်းသား/သူ (၂၄၁၈၀) ဦးရှိသည့်အနက် ယနေ့ မတ်လ(၈) ရက်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရန် ပျက်ကွက်သည့် ကျောင်းသား/သူ (၁၅၆၂) ဦးရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts