spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအမျိုးသားရင်ကြားစေ့ရေးကိုစိုးရိမ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမည်တံတားကို ကန့်ကွက်သည်ဟု ဦးခင်မောင်ရီပြော

    အမျိုးသားရင်ကြားစေ့ရေးကိုစိုးရိမ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းအမည်တံတားကို ကန့်ကွက်သည်ဟု ဦးခင်မောင်ရီပြော

    -

    မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်ဆုံးမြို့နယ်အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသော တံတားကို သံလွင်တံ တားအမည်ဖြစ် မသတ်မှတ်ဘဲ “ဗိုလ်ချုပ်အောင်ဆန်းတံတား” ဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်၌ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက အဆိုတင်သွင်းခဲ့ရာတွင် အမျိုးသားရင်ကြားစေ့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောသည်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါင်မြို့နယ်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက သံလွင်မြစ်ပေါ်တွင် ထိုးထားသော တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းအမည် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    သံလွင်တံတား(ချောင်းဆုံ)-(Facebook)

    “အဓိကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်မှာစိုးရိမ်လို့ပါ။ အတတ် နိုင်ဆုံး ဒေသခံလူထုက တောင်းဆိုတဲ့ အမည်နာမ်ကိုပဲ ပေးစေချင်တယ်။အမျိုးသားခေါင်းဆောင်ကြီးကို မကြိုက်လို့ ကန့်ကွက်တာမဟုတ်ဘူးနော်။ ခုနကပြောသလိုပဲ အမျိုးသားရင်ကြားစေ့ရေးနဲ့အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်မှာစိုးလို့ပါ”ဟု လွှတ်တော်တွင် ကန့်ကွက်ခဲ့သော ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောသည်။

    ၄င်းအဆိုနှင့်ပတ်သက်ပြီး NLD ပါတီဝင်များဖြစ်ကြသည့် ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီနှင့် ဖျာပုံမြို့နယ်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်တို့ နှစ်ဦးသာ ကန့်ကွက်သူ ရှိသည့်အတွက် ပြည်သူ့လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် အတည်ပြုခဲ့ပြီး ဖြစ်သည်။

    သို့သော် မွန်ပြည်နယ်ဒေသခံများက မော်လမြိုင် -ချောင်ဆုံး (သံလွင်မြစ်ကူး တံတား) “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးခြင်းကို ကန့်ကွက်လျက်ရှိပြီး ထိုကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်မှုများလည်း ဖြစ်ပွားခဲ့သည်ဟု ပြောဆိုနေကြသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၂၀ ရက်က ဘီလူးကျွန်းရှိ မွန်သံဃာတော်အဖွဲ့၊ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူငယ်အဖွဲ့တို့မှ တံတားအမည်ပေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်ရုံးသို့ ၎င်းတို့၏ သဘောထားဆန္ဒစာကို ပေးပို့ခဲ့ကြောင်း သိရသည်။

    သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ချမှတ်အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် မော်လမြိုင်-ချောင်းဆုံ (သံလွင်မြစ်ကူး)တံတားသည် အရှည် ၁၇၅၉ ပေ၊ အကျယ် ၆၄ ပေ၊ မုပွန်ချဉ်ကပ်တံတား ၆၈၉ ပေနှင့် ကညှော်ချဉ်းကပ်တံတား ၂၇၅၆ ပေ၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး လာမည့် ဧပြီလ၌ တံတားဖွင့်ပွဲအခန်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    မနက်ဖြန်(မတ်လ ၂ ရက်နေ့) တွင် “ဗိုလ်ချုပ်အောင်ဆန်းတံတား”အမည် အဆိုတင်သွင်းခြင်းနှင့် အမည်နာမပြောင်းလဲခြင်းအပေါ် ဒေသခံ ငါးထောင်ကျော် ဘီလူးကျွန်းဘက်အခြမ်း တံတားထိပ်၌ လူထုဆန္ဒဖော်ထုတ်ပွဲ ချီတက်ကျင်းပရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts