Wednesday, March 11, 2026
More
    spot_img
    Homeသတင်းUNFC နှင့် တရုတ်အစိုးရကိုယ်စားလှယ် ချင်းမိုင်၌တွေ့ဆုံ

    UNFC နှင့် တရုတ်အစိုးရကိုယ်စားလှယ် ချင်းမိုင်၌တွေ့ဆုံ

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသေးသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်များနှင့် တရုတ်အစိုးရကိုယ်စားလှယ် အာရှညွှန်ကြားရေးမှူး မစ္စတာ စုန့်ကောရှမ်းတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ငြိမ်းချမ်းရေးကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    UNFC ဒုဥက္ကဌ နိုင်ဟံသာက “ဝ ဒေသ ပန်ခမ်းအစည်းအဝေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘာတွေသိရသလဲဆိုပြီး မေးတယ်၊ ကျနော်တို့ UNFC ကိုယ်စားလှယ်တွေ ပြန်မရောက်သေးတော့ အသေးစိတ်အချက်အလက်တွေ မသိရသေးတဲ့အတွက် လောလောဆယ်ပြန်မပြောနိုင်သေးဘူး” ဟု ပြောသည်။

    UNFC ဒုဥက္ကဌ နိုင်ဟံသာ(Internet)

    မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ UWSA ဝဌာနချုပ် ပန်ခမ်း၌ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ဆွေးနွေးပွဲကျင်းပ၍ ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ်ပြန်သည့်ကြေညာချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးရန် ငြင်းပယ်လိုက်ပြီး အစိုးရနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် UWSP “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီခေါင်းဆောင်သည့် နိုင်ငံရေးဆွေးနွေးမှုကော်မတီ တစ်ရပ်ကိုဖွဲ့စည်းလိုက်ကြောင်း တွေ့ရှိရသည်။

    ၃ ရက်ကြာကျင်းပခဲ့သည့် အဆိုပါပန်ခမ်းဆွေးနွေးပွဲသို့ NCA လက်မှတ်မရေးထိုးသေးသည့် ဝ UWSA မိုင်းလားအဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ AA ရက္ခိုင့်တပ်မတော်နှင့် UNFC အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

    တဖက်တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ခူဦးရယ်ခေါင်းဆောင်သော UNFC နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ လာမည့်မတ်လ ၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးကြမည်ဟု သတင်းများတွင် ဖော်ပြရေးသားကြသည်။

    UNFC ဒုဥက္ကဌက “ ဒီရက်ပိုင်းအတွင်း ကျနော်တို့ DPN ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့သွားရောက်တွေ့ဆုံဖို့ရှိတယ်၊ NCA လက်မှတ်ရေးထိုးဖို့ကိစ္စကတော့ လက်ရှိ UNFC အဆိုပြုချက် ၉ ချက်ရှိနေပြီးသားပါ၊ အဲဒါကို ဆက်ပြီးဆွေးနွေးမယ်” ဟု ဆက်ပြောသည်။

    UNFC ၏အဆိုပြုချက် ၉ ချက်ကို ချုပ်လိုက်လျင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးထိုးရန်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၃ ပွင့်ဆိုင်ဆွေးနွေးရေးနှင့် NCA စာချုပ်အကောင်အထည်ဖော်မှုများ ခိုင်မာစေရန် နိုင်ငံတကာအသိသက်သေများ ပါဝင်ရေး တို့ဖြစ်သည်။

    တရုတ်အစိုးရကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲတွင် UNFC ခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ၊ ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ(၂) ဗိုလ်ချုပ်ဂွမ်မော်နှင့် ကရင်နီပြည်တိုးတက်ရေးပါတီ ဒုဥက္ကဌ ခူဦးရယ် တက်ရောက်ကြောင်း သိရသည်။

    လက်ရှိ ငြိမ်းချမ်းရေးညှိနှိုင်းရာတွင် ကုလသမဂ္ဂနှင့် တရုတ်အစိုးရတို့ ဆက်လက်ပါဝင်ရန် UNFC တောင်းဆိုပြီး တန်းတူသောဆွေးနွေးမှုဖြစ်ပေါ်ရန်နှင့် NCA အပစ်ရပ် စာချုပ်လက်မှတ်ထိုးရေးမထိုးရေး ကိစ္စရပ်တွင် ကာယကံရှင်များ သဘောအတိုင်း ဆုံးဖြတ်ပါဟုလည်း တရုတ်ဘက်က လိုလားသည်ဟု UNFC မှ သိရသည်။

    လက်ရှိတွင် KIO, မွန် NMSP, ကရင်နီ KNPP, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP, ဝအမျိုးသားအဖွဲ့ချုပ် WNO, လားဟူ LDU, ရခိုင်အမျိုးသားကောင်စီ ANC, ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA, မိုင်းလား NDAA, တအာင်း(ပလောင်) TNLA, ကိုးကန့် MNDAA နှင့် ရခိုင်တပ်မတော် AA, နာဂ NSCN-K တို့ NCA လက်မှတ်မရေးထိုးရသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks