Friday, March 20, 2026
More
    spot_img
    Homeသတင်းသက်ငယ်မုဒိန်းကျင့် KTV ရောင်းစားခံအမှုကို လူခိုးမှုဖြင့်အမှုဖွင့်

    သက်ငယ်မုဒိန်းကျင့် KTV ရောင်းစားခံအမှုကို လူခိုးမှုဖြင့်အမှုဖွင့်

    -

    အသက် ၁၈ နှစ်မပြည့်မိန်းခလေးငယ်တစ်ဦးအား ကားပေါ်တင်၊ မုဒိန်းကျင့်ပြီး KTV ရောင်းစားခဲ့သည့်အမှုကို ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၃ လူခိုးမှုဖြင့် အမှုဖွင့်တရားစွဲဆိုမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မော်လမြိုင်မှ သိရသည်။

    ကျိုက်မရောမြို့နယ်၊ တရနာရွာဈေးကြီးအနီး ပြီးခဲ့သည့်စက်တင်ဘာ ၁၄ ရက်နေ့ နံနက်စောစော ပန်းသွားရောင်းနေစဉ် ကားပေါ်သို့ အတင်းအဓမ္မတင်ဆောင်ပြီး မုဒိန်းကျင့်ခံရကာ ၂၃ ရက် တိတိကြာ ပျောက်ဆုံးခဲ့ပြီးနောက် မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရက်ကွပ်ရှိ ရတနာထက်စားသောက်ဆိုင်၌ အလုပ်သမအဖြစ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့်အမှု ဖြစ်သည်။

    CRIME
    CRIME
    “အမှုစဖွင့်တာက ၂၄/၃၂ နဲ့ အမှုစဖွင့်တာပဲ စစ်ဆေးတဲ့အခါကျတော့မှ ဥပဒေအကြံတောင်းရတာပေါ့၊ ဘယ်အမှုပဲဖြစ်ဖြစ် ဥပဒေအကြံတောင်းတင်တာပေါ့၊ ဥပဒေ အကြံပြုချက်ကျမှ တရားစွဲရတာပါ” ဟု မွန်ပြည်နယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ် (၉) မော်လမြိုင်မှ ဒုရဲမှုး ဆန်းဦးကပြောသည်။

    အဆိုပါအမှုတွင် တရားခံပြေးဟုသတ်မှတ်ခံထားရသူ အမည်မသိအမျိုးသားတစ်ဦးအား ပုဒ်မ ၃၆၃ လူခိုးမှု၊ ၃၇၅ မုဒိန်းမှု၊ မိန်းခလေးငယ်အားလက်ခံထားသော ရတနာထက် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်ဦးအား ပုဒ်မ ၃၆၃/၁၁၄ လူခိုးမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် တရားဆွဲဆိုရန် ဥပဒေအကြံပြုချက် ကျလာခြင်းဖြစ်သည်ဟု ဒုရဲမှုး ဆန်းဦးက ပြောသည်။

    တရားလိုဘက်မှ သက်သေခိုင်လုံစွာ မပြနိုင်သည့်အတွက် လူခိုးမှုဟူ၍သာ မော်လမြိုင်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ရှေ့အနေအဖြစ်အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်ဇာမြင့် (Legal Clinic Myanmar) က ဆိုသည်။

    “ဒါက လူကုန်ကူးပဲလေ ဘာဖြစ်လို့လဲဆိုတော့ သူဆိုင်မှာ ကျွန်လုပ်ဖို့ ဒီကလေးကို သူဝယ်ထားတာဖြစ်တဲ့ အတွက်ကြောင့် ဒါက လူကုန်ကူးမှု အဖွင့်နဲ့ ညီနေတာပဲလေ၊ ပြီးတော့ ဒီကောင်မလေးကလည်း သူ့ကို ဒီမှာရောင်းသွားတယ်ဆိုတာကို သူက မြင်တယ်၊ အဲဒီလူကို ပိုက်ဆံပေးလိုက်တာကိုလည်း သူက မြင်တယ်လေ” ဟု ဒေါ်တင်ဇာမြင့်က ပြောသည်။

    အမျိုးသမီးငယ်၏ မိခင်ဖြစ်သူ တိုင်ကြားချက်အရ ရတနာထက် KTV ပိ်ုင်ရှင် ဒေါ်မြင့်မြင့်ဦးအား ကျိုက်မရောမြို့နယ် မြို့မရဲစခန်းတွင် (ပ) ၁၁၂/၂၀၁၆ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ ယခုအခါဖမ်းဝရမ်းရမန်နှစ်ပတ်ပြည့်သွားပြီး အာမခံပေးထားကြောင်း မော်လမြိုင်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်ဝဏ္ဏ ပြောကြားချက်အရ သိရသည်။

    “ကျမတို့ဘက်က သက်သေခိုင်လုံတဲ့အတွက် ဒီအတိုင်းနေသွားမှာ မဟုတ်ပါဘူး၊ ဒီကိစ္စကို အများသိအောင် မွန်အမျိုးသမီးအဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့ သတင်းစာရှင်းလင်းပွဲပဲဖြစ်ဖြစ်၊ တရားရေးဘက်ကပဲဖြစ်ဖြစ် ဆောင်ရွက်သွားမှာပါ” ဟု တရနာရွာ အုပ်ချုပ်ရေးမှူး မိကျလွန်းထောက ပြောသည်။

    ယခုအခါ ဥပဒေအကြံတောင်းကျပြီးသောကြောင့် မကြာမီ တရားရုံးသို့အမှုတွဲတင်တော့မည်ဖြစ်ကြောင်း၊ လောလောဆယ်ဆယ်တွင် ကလေးခိုးမှုပုဒ်မဟု ဆိုသော်လည်း ကာယကံရှင်နှင့် သက်သေတို့၏ ရုံး ထွက်ဆိုချက်ပေါ်မူတည်၍ လူကုန်ကူးမှုသို့ ပြောင်းလဲနိုင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks