spot_img
Saturday, January 17, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ အစိုးရသစ်ခွင့်မပြုသေး

    မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ အစိုးရသစ်ခွင့်မပြုသေး

    -

    လက်ရှိအစိုးရသစ် သက်တမ်း (၅) လကျော်ကာလတွင် မွန်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများ၏ကမ်းလှမ်းမှုများကို ခွင့်မပြုသေးကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

    အစိုးရသစ်လက်ထက်တွင် လူမှုထောက်ပံ့ရေးအသင်းများ၊ ငွေကြေးချေးပေးသည့်အဖွဲ့များ နှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ စုစုပေါင်း (၁၀ဝ) ကျော်ခန့်က မွန်ပြည်နယ်အစိုးရနှင့် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးက “ ကျနော်တို့ပြည်နယ်မှာ ရင်းနှီးမြုပ်နှံလိုတဲ့ကုမ္ပဏီတွေ လာရောက်တွေ့ဆုံတယ်၊ သူတို့လုပ်ကိုင်လိုတဲ့ လုပ်ငန်းတွေကို လာရောက်တင်ပြကြတာ အများကြီးရှိပါတယ်။ သို့သော် သူတို့တင်ပြခဲ့တဲ့လုပ်ငန်းတွေကို အခုမှ စပြီးသုံးသပ်နေရတယ်ဆိုတော့ လောလောဆယ် ဘယ်သူကိုမှ ခွင့်မပြုရသေးဘူး” ဟု ဆိုသည်။

    အကြီးစား ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရတွင် ဆုံးဖြတ်ခွင့်မရှိကြောင်း။ သက်ဆိုင်ရာကုမ္ပဏီများ၏ တောင်းဆိုတင်ပြချက်များကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားကြောင်း၊ ခွင့်ပြုသင့် မသင့်ကို ပြည်နယ်အစိုးရ အနေဖြင့် သုံးသပ်ပိုင်ခွင့်သာရှိကြောင်း သိရသည်။

    “ရင်းနှီးမြှုပ်နှံမှုအတိုင်းအတာ ဒေါ်လာ (၅) သန်းအောက် သို့မဟုတ် (၅) သန်းအထက်ကို ပြည်နယ်အစိုးရအဆင့် လုပ်ပိုင်ခွင့်ရှိအောင် ပြည်ထောင်စုအစိုးရက ခွင့်ပြုပေးဖို့ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာကိုတော့ သေသေချာချာ မသိရသေးဘူး”ဟု ဝန်ကြီးဦးထွန်းဌေးက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ဝင်ရောက်ရင်းနှီးမြုပ်နှံရန် တင်ပြတောင်းဆိုထားသည့် ကုမ္ပဏီများမှာ ဥရောပနိုင်ငံများမှ ဂျာမနီ၊ အမေရိကန်၊အင်္ဂလန်နိုင်ငံများအပြင် ထိုင်း၊ တရုပ်၊ ဟောင်ကောင်၊ တိုင်ဝမ် စသည့်နိုင်ငံများမှ ပါဝင်သည်ဟု ဆိုသည်။

    Caption- MCL ဘိလပ်မြေစက်ရုံက ပျားတောင်၌ တူးဖော်နေပုံ(MNA)
    Caption- MCL ဘိလပ်မြေစက်ရုံက ပျားတောင်၌ တူးဖော်နေပုံ(MNA)

    မွန်ပြည်နယ်အတွင်း June Cement Industry LTD ကုမ္ပဏီ၏ ဘိလပ်မြေစက်ရုံစီမံကိန်းသည် သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်းကုန်မည့် ရက်သတ္တပတ်အလို ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် ခွင့်ပြုမိန့် ရရှိခဲ့သော နောက်ဆုံးကုမ္ပဏီဖြစ်သည်။

    ယခင်အစိုးရလက်ထက်ခွင့်ပြုပေးခဲ့သည့် ကျိုက်မရောဒေသပျားတောင်ဒေသ၌ ကျောက်မီးသွေးစွမ်အင်ဖြင့်လည်ပတ်မည့် ဘိလပ်မြေစက်ရုံများနှင့် ရေးမြို့နယ် အံဒင်ကျေးရွာအနီး တည်ဆောက်မည့် ကျောက်မီးသွေးလျပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းများသည် သဘာဝဝန်းကျင်ပျက်စီးမည်ကို စိုးရိမ်ရသဖြင့် ဒေသခံများကန့်ကွက်လျက်ရှိသည်။

    သို့ရာတွင် အစိုးရသစ်တာဝန်ယူပြီးနောက် ၅ လ အတွင်း ပြည်ပရင်းနှီးမြှပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉၀ဝ ကျော် ရရှိထားပြီး အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းကျော် ဖန်တီးပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့ RFA သတင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts