spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းစာချုပ်တွင် မြေဂရမ်ထုတ်ပေးမည့်အချက် မပါဝင်ဟုဆို

    မော်လမြိုင်ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းစာချုပ်တွင် မြေဂရမ်ထုတ်ပေးမည့်အချက် မပါဝင်ဟုဆို

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် အသစ်ဖောက်လုပ်ထားခဲ့သော ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း စတင်အကောင်အထည်ဖော်စဉ်က လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းလက်ခံသူတို့ကြား ချုပ်ဆိုခဲ့သည့် စာချုပ်တွင် မြေငှားဂရမ်ထုတ်ပေးမည်ဆိုတဲ့အချက် မပါဝင်ကြောင်း ကမ်းနားလမ်းအဆင့် (၆) စီမံကိန်း ပြန်လည်လေ့လာစိ စစ်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ဒု ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မော်လမြိုင်ကမ်းနားလမ်းအသစ်ဖောက်လုပ်သည့်နေရာ ရေလွှမ်း
    မော်လမြိုင်ကမ်းနားလမ်းအသစ်ဖောက်လုပ်သည့်နေရာ ရေလွှမ်း

    မွန်ပြည်နယ်လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းခံရသည့် အဆိုပါကမ်းနားလမ်းအဆင့် (၆) စီမံကိန်းပြန် လည် လေ့လာစိစစ်ရေးအဖွဲ့အနေဖြင့် (၉-၅-၂၀၁၆) ရက်နေ့မှ (၅-၆-၂၀၁၆) ရက်နေ့အထိ တစ်လတာအတွင်း လေ့လာစိစစ်တွေ့ရှိချက်များကို အစီအရင်ခံစာရေးသားကာ ဇွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး၌ တင်ပြပြီးနောက် ယခုကဲ့သို့ထုတ်ဖော်ပြောခြင်း ဖြစ်သည်။

    ဒေါက်တာအောင်နိုင်ဦးက “စာချုပ်ထဲမှာ မြေငှားဂရမ် ထုတ်ပေးပါ့မယ်လို့ တစ်ခွန်းမှမပါဘူး၊ မြေပေးပါ့မယ်လို့ လည်း တစ်ချက်မှမပါဘူး၊ မြေငှားဂရမ်ရရှိရေးအတွက် ကူညီဆောင်ရွက်ရမည်ဆိုတဲ့တစ်ချက်ပဲပါတယ်၊ အဲ တော့ စည်ပင်သာယာရေးအဖွဲ့က မြေငှားဂရမ်းရရှိရေးအတွက် သူကူညီဆောင်ရွက်ရမယ့်ဟာကတော့ သူဆက် ကူညီမယ်ပေါ့၊ မြေငှားဂရမ်းထုတ်ပေးရမယ့်အဖွဲ့သည် ခရိုင်အုပ်ချုပ်ရေးမှုးပဲ၊ မြေပေးမိန့်ပေးရမယ်။ နောက်ပြီး တော့ ပြည်နယ်အစိုးရ အဲဒါတွေကို လူထုကိုချပြပါ” ဟု ပြောသည်။

    ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းစာချုပ်ကို ၂-၁-၂၀၁၅ ရက်နေ့တွင် လုပ်ငန်းအပ်နှံသူ ပြည်နယ်စည်ပင် ကော်မတီနှင့် လုပ်ငန်းလက်ခံသူ စုန်ရေကုမ္ပဏီတို့ နှစ်ဖက်ချုပ်ဆိုခဲ့ကြပြီး ယင်းစာချုပ်ပါ ရေးသားဖော်ပြချက် များသည်လည်း ပြည်ထောင်စုရှေ့နေချုပ်တို့နှင့် တိုင်ပင်ညှိနှိုင်၍ ရေးသားခဲ့ခြင်းဖြစ်ကြောင်း ကမ်းနားလမ်း အဆင့် (၆) စီမံကိန်းပြန်လည်လေ့လာစိစစ်ရေးအဖွဲ့၏ အစီအရင်ခံစာတွင် ဖော်ပြထားခဲ့သည်။

    လုပ်ငန်းစတင်ချိန်တွင် စာချုပ်ပါအတိုင်း ငွေ ၁၀% ကျပ်သိန်း (၂,၅၀ဝ) ကို ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ငွေ များကို အရစ်ကျပေးသွင်းနိုင်ရန် စာချုပ်ပါအတိုင်းသက်ဆိုင်ရာမှ မြေဂရမ်မရရှိသေးခြင်းကြောင့် ငွေနောက်ထပ် ပေးသွင်းခဲ့ခြင်းမရှိကြောင်း စုန်ရေကုမ္ပဏီတာဝန်ခံ ဦးမိုးကျော်က ပြောကြားထားသည်။
    ဒေါက်တာအောင်နိုင်ဦးက “စာချုပ်ကလည်း ဆောက်လုပ်ရေးကုမ္ပဏီဘက်ကို တော်တော်လေးအခွင့်အလမ်းပေးထားတဲ့အချက်တစ်ချက် ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က အခုအချိန်မှာ အဲဒီစာချုပ်ကြီးက တရားမဝင်ပါဘူးလို့ ပြောဖို့က လည်း ခက်တယ်။ ဒါပေမယ့် ငွေကတော့အပြည့် ပေးကိုပေးရမယ်” ဟု ၄င်းက ဆက်ပြောသည်။

    စုန်ရေကုမ္ပဏီ၏ တောင်းဆိုချက်အရ သက်ဆိုင်ရာအဖွဲ့အစည်းမှ သဘောတူခွင့်ပြုခဲ့သည့် ပေးသွင်းရန်ငွေကျပ် သိန်း ၂၅,ဝ၀ဝ အစား သိန်း ၁၅,ဝ၀ဝ ပေးသွင်းရန် ဆုံးဖြတ်ချက်သည် စာချုပ်ပါအချက်များတွင် ငွေနှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆောင်ရွက်ခွင့်ပြုထားခြင်း လုံးဝမရှိပါသဖြင့် ကျပ်သိန်းပေါင်း ၂၅,ဝ၀ဝ အတိုင်းသာ ပေးသွင်းရမည်ဟု ဆုံးဖြတ်ကြောင်းနှင့် စုန်ရေကုမ္ပဏီ၏ လုပ်ငန်းမှပိုလျှံသောမြေပမာဏကို ပြည်နည်စည်ပင်အဖွဲ့အား ပေးသွင်းရ မည့် (၁.၅) ဧကအစား (ဝ.၇၅) ဧကသာပေးသွင်းခွင့်ပြုပါရန် တောင်းဆိုချက်သည် သဘောတူစာချုပ်ပါ သတ်မှတ်ချက်များအရ လိုက်လျောနိုင်ပါကြောင်း ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းလုပ်ငန်းလေ့လာသုံးသပ်မှု အစီရင်ခံလွှာက လွှတ်တော်သို့ တင်ပြထားသည်။

    ယခုဖြစ်စဉ်ကို အခြေခံ၍ နောက်နောင်မည်သည့်စီမံကိန်းလုပ်ငန်းမဆို ပြည်နယ်အစိုးရနှင့် တာဝန်ယူဆောင် ရွက်မည့် ကုမ္ပဏီအဖွဲ့အစည်းများအကြား လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရန်သဘောတူညီချက် လက် မှတ်ရေးထိုးရန် လိုအပ်သည့် မည်သည့်ကိစ္စရပ်မျိုးမဆို လွှတ်တော်သို့ အသိပေးတင်ပြဆောင်ရွက်ရန် လိုအပ် ကြောင်းကိုလည်း အဆိုပါ အစီရင်ခံက ဖော်ပြထားသည်။

    အဆိုပါအစီရင်ခံလွှာတွင်ပါဝင်သည့် သုံးသပ်ချက်၊ အကြံပြုချက်၊ တိုက်တွန်းချက်နှင့် ဆုံးဖြတ်ချက်များကို လာ မည့် လွှတ်တော်အစည်းအဝေးများ၌ ဆက်လက်ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင် နိုင်ဦးက ပြောသည်။

    လမ်းအရှည်ပေ ၄၆၅၀ ပေနှင့် အကျယ် ၅၆ ပေရှိသော ကမ်းနားလမ်းစီမံကိန်းကို ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၆ ရက်နေ့က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts