spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသည့် ခေါင်းဆောင်များတွေ့ဆုံကြမည်

    ဒေါ်အောင်ဆန်းစုကြည်နှင့် NCA လက်မှတ်ထိုးထားသည့် ခေါင်းဆောင်များတွေ့ဆုံကြမည်

    -

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ မနက်ဖန် ဇွန် ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

    EAO PPST အစည်းအဝေး(NMG)
    EAO PPST အစည်းအဝေး(NMG)

    ချင်းအမျိုးသားတပ်ဦး(CNF)မှ တွဲဖက်အတွင်းရေးမှူး ဒေါက်တာရွှေခါးက “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံ ကြမယ်။အဲဒီမှာ လက်ရှိ နိုင်ငံရေးပြဿနာတွေကို အဓိကဆွေးနွေးသွားမယ်။ပြီးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာတွေကိုလည်း ဆွေးနွေးကြမယ်” ဟု ပြောသည်။

    NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များသည် ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂၄ ရက်က ၂ ရက်ကြာ- EAO PPST အစည်းအဝေးကျင်းပခဲ့ပြီး ဖြစ်သည်။

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အခု လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးကြမယ်။ ဒါပေမယ့် အစိုးရနဲ့တစ်ခါ တပ်မတော်နဲ့တစ်ခါ ဆွေးနွေးနေရတာ မကောင်းဘူး။ အစိုးရနဲ့ တပ်မတော် အရင်ဆွေးနွေးထားပြီးမှ သူတို့တစ်သံတည်းကို သွားဆွေးနွေး၊ ဒါဆိုပိုပြီးတော့ ထိရောက်မယ်။ အခုက အစိုးရနဲ့ အဆင်ပြေပေမယ့် တပ်နဲ့အဆင်မပြေရင် မဖြစ်ပြန်ဘူး” ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့-PNLO ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး ABSDF စသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့က သမ္မတဦးသိန်းစိန်အစိုးရဟောင်းနှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

    အဆိုပါ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့့၏ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(EAO Peace Process Steering Team-EAO PPST) ကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ဖွဲ့စည်းခဲ့ရာ အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုုံး KNU ဥက္ကဌ ဗုုိလ်ချူပ်ကြီးမူတူးစေးဖိုုးနှင့် ဒုု အဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုုဗိုုလ်ချူပ်ကြီး ယွက်စစ်တို့ ဦးဆောင်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts