spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရေးတောင်းပိုင်း မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်လိုက်ပြီ

    ရေးတောင်းပိုင်း မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်လိုက်ပြီ

    -

    မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော မွန် ချမ်းဦးစီးသည့် ဓါးပြအဖွဲ့သည် မေလ ၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးရှိ တပ်မတော်တပ်ရင်း ခလရ (၂၈၀) ထံ လက်နက်ချ အလင်းဝင်လိုက်ပြီဟု သိရသည်။။

    မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်မှတ်တမ်းပုံ(Aung Naing Win)
    မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်မှတ်တမ်းပုံ(Aung Naing Win)

    လက်နက်အပ်နှံပွဲ အခမ်းအနားကို ရေးဖြူမြို့နယ် ကမွန်းချောင်းကျေးရွာ၏ ဘုန်းကြီးကျောင်းဝင်း၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ မြို့နယ်အဆင့်အုပ်ချုပ်ရေးဌာနနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ရပ်မိရပ်ဖတို့က တက်ရောက်ကြသည်ဟု ဒေသခံတို့ပြောဆိုပါသည်။

    “မနေ့ကမနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ လက်နက်ချပွဲ ကျင်းပတယ်၊ လုပ်တာက ကမွန်းချောင်းရွာမှာပဲ၊ မွန် ချမ်းအပါအဝင် သူတို့အဖွဲ့ အားလုံး ၁၈ ဦးပါတယ်၊ လက်နက်က ၁၂ လက်ပဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထို့အပြင် မွန်ချမ်းနှင့်အဖွဲ့အား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ထောက် ပံ့စရိတ်အဖြစ် ချီးမြှင့်ငွေများကိုလည်း ပေးအပ်ခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

    ဒေသခံတစ်ဦးဖြစ်သူ ကျဲလိုင်က “သူတို့ ၁၈ ဦးထဲမှာ ပေါက်ပင်းကွင်၊ ကမွန်းချောင်းစတဲ့ ဒီအနီးအနားမှာရှိတဲ့ ရွာသားတွေပဲ ဖြစ်တယ်၊ တစ်ချို့ကတော့ ၁၈ ဦးပြည့်အောင် ဖြည့်ပေးရတာလည်းရှိတယ်၊ ဘာလို့လဲဆိုတော့ သူ (မွန်ချမ်း) အလင်းဝင်နိုင်ဖို့က အရေးကြီးတယ်လေ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောပြသည်။

    မွန်ချမ်းနှင့်အဖွဲ့ဝင် ၁၈ ဦးတို့သည် အလင်းဝင်ပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းမည်ဟု ပြောဆိုထား၍ ရေးဖြူမြို့နယ် ပေါက်ပင်းကွင် သို့မဟုတ် ကမွန်းချောင်းကျေးရွာအတွင်း အခြေစိုက်နိုင်ရန် ကြိုး ပမ်းနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ရေဖြူမြို့နယ် ကမွန်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တပ်မတော် တပ် ရင်း ခလရ ၂၈၀ နှင့် နတ်ကြီးစင်၊ ပေါက်ပင်းကွင်း၊ ကမွန်းချောင်းကျေးရွာတို့မှ ရပ်မိ ရပ်ဖများနှင့် မွန်ချမ်းအဖွဲ့မှ စေလွှတ်ထားသည့် ကိုယ်စားလှယ် ၃ ဦးတို့က တွေ့ဆုံညှိနှိုင်းခဲ့ရာ အဖွဲ့ဝင်အင်အား ၂၀ ဦး၊ လက်နက် (၁၂) လက်နှင့်အတူ အလင်းဝင်နိုင်ရန် နှစ်ဖက်သဘောတူထားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ညှိနှိုင်းချက်များအရ တပ်မတော်အနေဖြင့် ၄င်းတို့အဖွဲ့အား ပြည်သူ့စစ်အသွင်ဖြင့် တရားဝင်ရပ်တည် ဖွဲ့စည်းပေးရေး၊ ဒေသတွင်း ကျောက်မိုင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပေးရေးနှင့် ၄င်းတို့၏ပယောဂကြောင့် ယခင်ဖမ်း ဆီးထိန်း သိမ်းခြင်းခံရ သူအားလုံးပြန်လွှတ်ပေးရေးစသည့် အချက် ၆ ချက်ပါဝင်သော တောင်းဆိုမှုများကို မွန် ချမ်းအဖွဲ့မှ တင်ပြထား သည်ဟု ဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောပြသည်။

    အလင်းဝင်ရေးကိစ္စတွင် ပါဝင်ကူညီဆောင်နေသူတစ်ဦးက “တကယ်ပြောရရင် သူတို့တောင်းဆိုထားတဲ့ အချက် ၆ ချက်စလုံးက ဘာမှသေသေချာချာ မရှိသေးပါဘူး၊ အစိုးရတပ်မတော်ဘက်ကတော့ ဒါတွေကို ဖြစ်လာနိုင် အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး အထက်ကို တင်ပြထားတယ်လို့ပဲ ပြောထားတယ်” ပြောဆိုသည်။

    ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တဝိုက်လှုပ်ရှားနေသော ပြန်ပေးဓါးပြအဖွဲ့အနက် မွန်ချမ်းအဖွဲ့သည် အင်အား တောင့်တင်းသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။

    အဆိုပါ မွန်ချမ်းသည် ရေးတောင်ပိုင်းတွင် လှုပ်ရှားခဲ့သည့် ဓါးပြအဖွဲ့များကို နှိမ်နင်းရန် ၂၀၁၄ ခုနှစ်တွင် တပ် မတော်၏ အစီအစဉ်ဖြင့် နိုင်ဗင်း ဦးဆောင်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သို့ ဒုခေါင်းဆောင်အဖြစ် ပါ ဝင်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ဗင်းအဖွဲ့မှ ခွဲထွက်ကာ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ဓါးပြ တိုက် ခြင်းတို့ဖြင့် နာမည်ကျော်ဇောနေသူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts