spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ထိုးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

    NCA လက်မှတ်ထိုးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ဖွဲ့စည်း

    -

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး၊ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းဒုတိယအကြိမ်၊ ထိပ်သီးအစည်းအဝေးကို မတ်လ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။

    ယင်းအစည်းအဝေးတွင်၊ NCA သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်စဉ် ဦးဆောင်အဖွဲ့ (EAO Peace Procese Steering Team- EAO- PPST) အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၂၇ ရက်နေ့ကကြေညာချက်၊ ထုတ်ပြန်ထားသည်။

    NCA လက်မှတ်ထိုး အဖွဲ့အစည်းများ ချင်းမိုင်အစည်းအဝေး(Internet)
    NCA လက်မှတ်ထိုး အဖွဲ့အစည်းများ ချင်းမိုင်အစည်းအဝေး(Internet)
    CNF ဥက္ကဌ ပူးဇင်ကျုံးက “ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တဲ့နေရာမှာ အထောက်အကူပြုလို့ရအောင်၊ နောက်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ခပ်သွက်သွက်လေးဖြစ်အောင်၊ ပေါ်လစီပိုင်းဆိုင်ရာ၊ မူဝါဒပိုင်းဆိုင်ရာတွေကို ထိပ်သီးအစည်းအဝေးလုပ်ဖို့အချိန်မရတဲ့ အနေအထား မျိုးမှာဖြစ်ဖြစ်၊ အရေးပေါ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက်၊ လမ်းညွန်နိုင်အောင် ရည်ရွယ်ပြီး ဖွဲ့ထားတာပါ၊ အခုဖွဲ့လိုက်တဲ့အဖွဲ့က၊ နိုင်ငံရေး၊ စစ်ရေး တပ်ပေါင်းစုကြီး ပုံသဏ္ဍာန်နဲ့ ဖွဲ့ထားတာ မဟုတ်ဘဲ၊ ဆွေးနွေးပွဲကို အထောက်အကူပြုမယ့် Team အနေနဲ့ ဖွဲ့ထားတာဖြစ်တယ်၊” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    အသစ်တက်လာမည့်အစိုးရက ပြည်သူတွေရွေးချယ်ထားသည့် NLD အစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ပိုပြီးထိရောက်မှုရှိနိုင်ပြီး အလားအလာကောင်း ပိုမိုကောင်းမွန်မည်ဟု မျှော်လင့်ကြောင်း ၄င်းကဆက်ပြောသည်။

    NCA ကိုအကောင်အထည်ဖော်ခြင်းလုပ်ငန်းသည် နိုင်ငံရေးလမ်းပြမြေပုံအရ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် အကောင်အထည်ဖော်ခြင်းအထိဖြစ်သည်။ ဆက်လက်လုပ် ဆောင်သွားရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ သဘောတူညီချက်ရရှိသည်အထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံး အင်တိုက်အားတိုက် ညီညွတ်စွာ ပါဝင်ကြရန်လိုကြောင်း ထိပ်သီးအစည်းအဝေးက အလေးအနက်သုံး သပ်ခဲ့ကြောင်း ယင်းထုတ်ပြန်စာတွင်ဖော်ပြထားသည်။

    တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ အားလုံး၏ နိုင်ငံရေးရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်သည်အထိ ကတိကဝတ်များကို စောင့်ထိန်းလျက် အစိုးရသစ်နှင့်လည်းကောင်း၊ တပ်မတော်နှင့်လည်းကောင်း၊ ညှိနှိူင်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်ရေးအဖွဲ့တွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်ပြီး ဒု- အဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်းရေး ကောင်စီ RCSS ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအဝင် PNLO အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် CNF ဥက္ကဌ ပူးဇင်ကျုံးတို့ပါဝင်ပြီး အဖွဲ့ဝင်အဖြစ် ALP ဒု- ဥက္ကဌ ၁ ဦးခိုင်စိုးနိုင်အောင်၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ KNLA အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကဘော်ထူး DKBA အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးနှင့် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts