spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်း၁၃ ကြိမ်မြောက် ဆရာ၀န်ညီလာခံ မော်လမြိုင်တွင်ကျင်းပ

    ၁၃ ကြိမ်မြောက် ဆရာ၀န်ညီလာခံ မော်လမြိုင်တွင်ကျင်းပ

    -

    မြန်မာနိုင်ငံဆရာ၀န်များအသင်း (မော်လမြိုင်၊မွန်ပြည်နယ်) မှ ဦးဆောင်၍ ဆရာ၀န်များ ညီလာခံကို ဖေဖော်ဝါရီ လ (၅၊ ၆) ရက်နေ့များတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပနေသည်ဟု သိရသည်။

    အဆိုပါ ညီလာခံတွင် ဝါရင့်ဆရာ၀န် ၁၀ ဦးမှ ဦးဆောင်ဟောပြောသွားမည် ဖြစ်ပြီး တိုးတက်လာသည့် ဆေး ပညာများကို စဉ်ဆက်မပျက်လေ့လာဆည်းပူး၍ ဆရာ၀န်ငယ်များကို ဆင့်ကဲလက်ဆင့် ကမ်းခြင်း၊ လူနာများ အတွက် ဆရာ၀န်များအား ကုသမည့်နည်းလမ်းကောင်းများကိုလည်း မှျဝေပေးစေလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။

    “ဆရာ၀န်အငယ်တွေက စာအုပ်တွေ၊အင်တာနက်တွေနဲ့အလှမ်းကွာတဲ့အခါကြတော့ ဆရာကြီးတွေက သူတို့ တွေရဲ့ပညာအတွေ့အကြုံ၊ သီအိုရီတွေကို တစ်ခါတည်းစုပြီးတော့ ဒီမှာပြောတဲ့အတွက်ကြောင့် ကိုယ့်ဘာသာ လေ့လာဖို့ တစ်လလောက်ကြာမယ့်ဟာကို တစ်ထိုင်ထဲမှာရနိုင်တယ်။ ပြီးတော့မရှင်းတာတွေကို မေးနိုင်တဲ့ အတွက် ဆရာကြီးတွေရဲ့ ဟောပြောချက်ကိုနားထောင်ခြင်းအားဖြင့် ပိုမိုထိရောက်တယ်၊ လူမမာတွေကိုကုသတဲ့ အခါမှာလည်းထိရောက်တယ်” ဟု ညီလာခံဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဒေါက်တာဦးမျိုး၀င်း ကပြောသည်။


    ညီလာခံတွင် မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ၀န်ကြီးများလည်း တက်ရောက် ဟောပြောလျှက်ရှိသည်။ ညီလာခံ နှစ်ရက်တွင် ကျန်းမာရေးနှင့်ပတ်သတ်သည့် ခေါင်းစဉ် ဆယ့်သုံးခု ဟောပြောသွားမည်ဟုလည်းသိရသည်။ အများစုဖြစ်နေကြသည့် ဆီးချို၊သွေးတိုး၊ခွဲစိတ်ခြင်းအကြောင်းနှင့် အခြားသောဆေးပညာဆိုင်ရာ အကြောင်းအရာများလည်း ဆွေးနွေးဟောပြောသွားမည်ဟုသိရသည်။

    “ဒီလိုပွဲမျိူးတွေလုပ်ပေးဖို့အများကြီးလိုတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဆေးပညာဆိုတာအမြဲပြောင်းလဲ နေ တယ်လေ၊ တစ်နှစ်နဲ့တစ်နှစ်နဲ့မတူဘူး။ ပြောင်းလဲနေတယ်ဆိုတော့ ဒီလိုမျိူးပွဲတွေလုပ်ပေးမှ ဆရာ၀န်တွေ လည်း ဗဟုသုတပိုရှိမယ်၊ ဆေးကုသတဲ့နေရာမှာလည်းထိရောက်မယ်။ ဆရာ၀န်ငယ်တွေအတွက် ပိုပြီးတော့ ကောင်းတာပေါ့၊ အဓီကကတော့ ဆေးပညာကိုမြှင့်တင်ချင်လို့ပါ” ဟု မုတ္တမမြို့မှ ဒေါက်တာမြင့်ဌေး ကပြော သည်။

    ယခုကဲ့သို့သော ညီလာခံမျိူးကို မြန်မာနိုင်ငံရှိ ဆရာ၀န်အသင်းရှိသည့်ပြည်နယ်နှင့် တိုင်းများတွင်နှစ်စဉ် ကျင်းပ နေကြောင်းသိရသည်။မွန်ပြည်နယ်တွင် နှစ်စဉ်ကျင်းပနေပြီး ယခုနှစ်တွင် ဆယ့်သုံးကြိမ်မြောက်ကျင်းပခြင်း ဖြစ်သည်။ မွန်ပြည်နယ်တွင် အဖြစ်များဆုံးသော ရောဂါမှာ ဆီးချိုနှင့် သွေးတိုးရောဂါဖြစ်ကြောင်း ဒေါက်တာ ဦးမျိုး၀င်းကဆက်ပြောသည်။

    ယခုကျင်းပနေသည့် ဆယ့်သုံးကြိမ်မြောက်ဆရာ၀န်ညီလာခံကို မွန်၊ကရင်နှင့် ရန်ကုန်တိုင်းမှ ဝါရင့် ဆရာ၀န် ကြီးများနှင့် ဆရာ၀န်ငယ်များ စုစုပေါင်း ၁၆၀ ဦးခန့်တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts