spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟုဆို

    မွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟုဆို

    -

    ဝံသမွန် – မွန်ပြည်သစ်ပါတီ NCA လက်မှတ်မရေးထိုးပါက နိုင်ငံရေးဆွေးနွေးပွဲ၌ လေ့လာသူအဖြစ်သာ တက်ရောက်ခွင့်ရှိမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်ပရေးရာဌာနကြီးတာဝန်ခံ နိုင်အေးမွန်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    စက်တင်ဘာ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုရင်လေး ကျောင်းတိုက်သို့ ရောက်ရှိလာသော ဦးအောင်မင်း ဦးဆောင်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အေးမွန်၊ နိုင်တလညီ၊ ဗဟိုကော်မတီဝင် နိုင်ဟံသာဗိန်ခိုင်းတို့ တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

    “မွန်ပြည်သစ်ပါတီကိုလည်း NCA စာချုပ် လက်မှတ်ရေးထိုးစေချင်တယ်၊ NCA လက်မှတ်ရေးထိုးရင်
    အခွင့်အလမ်းတွေရမယ်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရမယ်၊ အကယ်၍ လက်မှတ်မထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ရှိပေမယ့်လည်း လေ့လာသူအဆင့်ပဲရမယ်လို့ ဦးအောင်မင်းက ရှင်းပြခဲ့တယ်”ဟု နိုင်အေးမွန်က ပြောသည်။

    အလားတူ စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဖြူဇရပ်မြို့၊ မြို့လယ်ဘုန်းတော်ကြီးကျောင်း၌
    ဝန်ကြီးဦးအောင်မင်းနှင့် မွန်ပြည်ပါတီဥက္ကဌ နိုင်ထောမွန် တွေ့ဆုံစဉ် အထက်ပါအတိုင်း ထပ်မံပြောကြားခဲ့ဟုလည်း နိုင်အေးမွန်က ဆက်ပြောသည်။

    NCA လက်မှတ်ထိုးရန် KNU ,DKBA, KNU / KNLA-PC , RCSS, PNLO, ADSDF, ALP, CNF တို့ ၈ ဖွဲ့ သဘောတူညီထားသည်ဟုလည်း အထင်ကရ မွန်ဘုန်းတော်ကြီးဆရာတော်များရှေ့မှောက်တွင် မွန်ပြည်သစ်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း ယင်းဆွေးနွေးပွဲတက်ရောက်နားထောင်သူများထံမှ သိရသည်။

    နိုင်အေးမွန်က “နောက်တစ်ခုက ဒီအဖွဲ့ ၈ ဖွဲ့နဲ့အတူ NCA
    လက်မှတ်မထိုးချင်သေးဘူး၊ အချိန်ထပ်ယူဦးမယ် ဆွေးနွေးအုံးမယ်၊ အဆင်ပြေမှထိုးမယ်ဆိုရင်လည်း အစိုးရဘက်က အောက်တိုဘာ ၁၅ ရက်နေ့အထိ အချိန်ပေးမယ် လို့ပြောသွားပါတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး အတူတကွပါဝင်စေလိုကြောင်း၊ တစ်ဖွဲ့နှစ်ဖွဲ့ကျန်ရစ်ခဲ့မည်ဆိုပါက ပြည်တွင်းစစ်မီးပြန်လည်တောက်လောင်မည်ကိုစိုးရိမ်ကြောင်း၊ အခြေအနေအကြောင်းကြောင်းကြောင့် NCA တွင်ပါဝင်ခွင့်မရှိသေးသော အဖွဲ့အစည်းများအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအာမခံချက်များကို အစိုးရတာဝန်ခံပေးပါက လက်ရှိကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီးညီလာခံတွင် NCA လက်မှတ်ရေးကိစ္စ ဆွေးနွေးဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့မှ ထိပ်သီးခါင်းဆောင်များသည် တနိုင်ငံလုံးပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စက်တင်ဘာ ၂၈ မှစတင်၍ ၃ ရက်ကြာ ကျင်းပနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts