spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မော်လမြိုင်တွင်ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မော်လမြိုင်တွင်ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

    -

    မော်လမြိုင်ဘာသာပေါင်းစုံဆုတောင်းပွဲ(Facebook)
    မော်လမြိုင်ဘာသာပေါင်းစုံဆုတောင်းပွဲ(Facebook)
    သာဒါမွန် – တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးရေးအတွက် ဆွေးနွေးနေမှုများ ဆက်လက်အောင်မြင်စေရန် ရည်ရွယ်၍ ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနားတရပ်ကို ယမန်နေ့(စက်တင်ဘာ

    ၈ ရက်) နံနက်တွင် မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ဓာတုမာလာမွန်ပရိယတ္တိစာသင်တိုက်ကျောင်း၌ ပြုလုပ်ခဲ့သည်။

    အဆိုပါ ဘာသာပေါင်းစုံဆုတောင်းပွဲကို Mon Women Network နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုအဖွဲ့တို့ ပူပေါင်း အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသခံဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်းတို့ အင်အား ၁၀၀ ဦးဝန်းကျင်ခန့် တက်ရောက်ခဲ့သည်ကုုိ တွေ့ရှိရသည်။

    Mon Women Network (MWN) အဖွဲ့မှ မိကွန်းချမ်းနွန်က “ဒီနေ့မှာတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆုတောင်းတယ်၊ ဒီဆုတောင်းပွဲထဲမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒုု၊ မူစလင် ဘာသာပေါင်းစုံ (၄) ဘာသာ ဖိတ်ပြီးတော့မှ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတွေလုပ်ကြပါတယ်” ဟု ပြောသည်။

    NCA စာချုပ်ချုပ်ဆိုရေး သဘောတူညီမှုရရှိလျှင် ငြိမ်းချမ်းရေးလည်း ရှိလာမည် ဖြစ်ကြောင်း၊ ရှေ့ဆက် နိုင်ငံရေးအကြောင်းတွေကို ဆက်လက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲများနှင့် လက်နက်က်ုိင်တိုင်းရင်းသားခေါင်းဆောင်များ လက်ရှိဆွေးနွေးပွဲတွင်လည်း နှစ်ဖက်စလုံး အောင်မြင်စွာဆွေးနွေးနိုင်ပြီး ရလာဒ်ကောင်းတွေ ထွက်လာစေလိုကြောင်း မိကွန်းချမ်းနွန် ဆက်ပြောသည်။

    အစ္စလာမ်သာသနာရေးရာကောင်စီ ဒုဥက္ကဌ ဦးအုန်းသောင်းက” ငြိမ်းချမ်းရေးက မြန်မာနိုင်ငံမှာ တကယ်တမ်းပြန်ကြည့်မယ်ဆိုရင် အလိုအပ်ဆုံးပစ္စည်းလို့ ပြောလို့ရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဓမ္မနည်းလမ်းကျကျ ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့ နိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝပါလျှက်နဲ့ ဒီလိုဖွံ့ဖြိုးမှု အနိမ့်ဆုံးအဆင့်ကိုရောက်နေခဲ့တာ ကျနော်တို့ တိုင်းသူပြည်သားတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ မရကြဘူး၊ တစ်နည်းပြောရရင် သူတပါးနိုင်ငံတွေမှာ အောက်ကျနောက်ကျခံပြီး မထိုက်တန်တဲ့အလုပ်တွေ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အားနည်းနေလို့ပဲဖြစ်တယ်” ဟု ပြောသည်။

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ချုပ်ဆိုနိုင်ရေးအတွက် သမ္မတဦးသိန်းစိန်နှင့် လက်နက်ကိုင်တိုင်းရင်းသားထိပ်သီးခေါင်းဆောင်းများ နေပြည်တော်၌ ယနေ့စက်တင်ဘာလ (၉) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    နှစ်ဖက်ခေါင်းဆောင်ကြီးများ အနေဖြင့် မိမိတို့၏လိုလားမှုများကိုသာ တရားသေဆုပ်ကိုင်ဆွေးနွေးခြင်းမျိုးမပြုလုပ်ကြဘဲ ပြည်သူတို့အတွက် အကောင်းဆုံးဖြစ်စေမည့် ဆုံးဖြတ်ချက်များကို စိတ်ရှည်သည်းခံပြီး ဆွေးနွေးအဖြေရှာသင့်အကြောင်း၊ စစ်ဘေးဒဏ်ကြောင့် အိုးအိမ် လယ်ယာများကိုစွန့်ခွာပြီး စစ်ရှောင်စခန်းများတွင် ရောက်ရှိနေကြသည့် ပြည်သူများနှင့် စစ်ဒဏ်ကြောင့် မိဘမဲ့ ဖြစ်နေကြသော ခိုကိုးရာမဲ့ကလေးများအတွက်လည်း ဆုတောင်းခဲ့ကြောင်း သိရသည်။

    ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ လှုပ်ရှားနေသူ ဇာရာသန်းမြင့်ကျော်က “ဒီအစီအစဉ်က ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်လုပ်တာမဟုတ်ဘူး၊ ပြည်သူတွေနဲ့ ဘာသာရေးခေါင်းဆောင်နဲ့ ဦးဆောင်ပြီးလုပ်တယ်၊ အဓိကကတော့ ပြည်သူတွေက ပြည်သူ့အကျိုးအတွက် လုပ်တဲ့ပုံစံမျိုးပေါ့နော်၊ အခုလည်း ကြားတဲ့အတိုင်းပဲ ဒီမှာလက်မှတ်ထိုးတာတွေ လုပ်တော့မယ်ဆိုတော့ ပြည်သူတွေကလည်း သတိတရ ဆုတောင်းပေးနေမယ်ဆိုရင် နှစ်ဖက်ခေါင်းဆောင်တွေကလည်း နှလုံးသားထဲမှာ နူးညံ့သွားပြီးတော့ တကယ်ပဲဆွေးနွေးတဲ့အခါမှာ နှစ်ဖက်တဖက်လှျော့ပြီးတော့ ဆွေးနွေးနိုင်မယ်ပေါ့၊” ဟု ပြောသည်။

    အလားတူ ဆုတောင်းပွဲများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ရန်ကုန်တွင်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဝင်များက နေပြည်တော်တွင် လည်းကောင်း၊ တစ်ချို့နေရာများတွင် ဘာသာပေါင်းစုံ လူငယ်များက နေရာ (၁၆) နေရာတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks