spot_img
Sunday, April 20, 2025
More
    spot_img
    Homeသတင်းတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ပြေလည်မှုမရသေး

    တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ပြေလည်မှုမရသေး

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်သော်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အကြား ငြိမ်းချမ်းရေးမူဝါဒကိစ္စနှင့် ပတ်သတ်၍ ပြေလည်မှု မရသေးကြောင်း သိရသည်။

    တပ်မတော်မှ ချမှတ်ထားသည့် မူဝါ ၆ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်တို့ လိုက်နာနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေး ရရှိမည်ဟု ဆိုသော်လည်း တိုင်းရင်းသားဘက်မှလည်း ထိုသဘောတူညီချက် ၆ ချက်ကို လိုက်နာရန် မဖြစ်နိုင်ကြောင်း မတ်လ ၃၁ ရက်နေ့ NCA မူကြမ်းလက်မှတ်ထိုးသောနေ့တွင် တပ်မတော် ခေါင်းဆောင်နှင့် NCCT ခေါင်းဆောင်တို့က ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက“ဒါက ကျွန်တော်တို့ ရပ်တည်ချက်ပါ၊ ဒီရပ်တည်ချက်ပေါ်မှာ ဒီကနေ့ NCA ဆွေးနွေးတဲ့ အပိုင်းမှာလည်းဘဲ တချို့ဟာတွေ ပါဝင်ပါတယ်၊ ဒါက သဘောထားချက်တွေ ဘဲဖြစ်တဲ့အတွက် အသေးစိတ် ဆွေးနွေးတဲ့ အထဲမှာ မပါပါဘူး၊ ကျွန်တော်တို့ တပ်မတော်က ထုတ်ပြန်ထားတဲ့ သဘောထား ထုတ်ပြန်ချက် ၆ ချက်ကို လိုက်နာနိုင်မယ်ဆိုရင် တော့ ကျွန်တော်တို့ ထာဝရ ငြိမ်းချမ်းရေးရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်” ဟုပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်များမှ ထိုသဘောတူညီချက်များကို လက်ခံမည် ဆိုပါက ဆက်ဆွေးနွေးဖို့ပင် မလိုတော့ကြောင်း နိုင်ငံရေးအရ လက်နက်ချလိုက်ပြီဆိုသည့် သဘောမျိူးဖြစ်နေကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
    “ဒီ ၆ ချက်ဟာ စာချုပ်မှုကြမ်းထဲမှာ မပါတဲ့ အတွက် ကျွန်တော်တို့က အထူးပြောဆရာ မရှိပါဘူး၊ အဲဒါကိုလည်း တိုင်းရင်းသားတွေဘက်က လက်ခံထားတာမရှိပါဘူး”ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ထိုမူဝါဒ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကိုလက်ခံပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါ လုပ်ဆောင်ရန်တို့ဖြစ်သည်။

    ထိုကဲ့သို့ ပြေလည်မှု မရသေးသည် မှုဝါဒ ၆ ချက်ကို နိုင်ငံရေးဆွေးနွေးပွဲတွင် အဖြေထွက်မည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှုကြမ်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တနိုင်ငံလုံအပစ်အခက်ရပ်စဲ ရေး ညှို့နှိုင်းရေးအဖွဲ့ NCCT တို့သည် မတ်လ ၃၁ ရက်နေ့တွင် သမ္မတရှေ့၌ ပမာဏ သဘောတူ လက်မှတ်ထိုးခဲ့ခြင်းကို ကုလသမဂ္ဂနှင့် အမေရိကန်တို့က ကြိုဆိုခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts