Homeသတင်းထိုင်းနိုင်ငံရေးသမားဟောင်းတစ်ဦး၏ စံအိမ်၌ မွေးနေ့ပါတီလုပ်၍ မူးယစ်ဆေးသုံးနေသူ ၂၁ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံရေးသမားဟောင်းတစ်ဦး၏ စံအိမ်၌ မွေးနေ့ပါတီလုပ်၍ မူးယစ်ဆေးသုံးနေသူ ၂၁ ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

-

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဆန်းဆိုင်းမြို့နယ်ရှိ စံအိမ်ကြီးတစ်ခုတွင် မွေးနေ့ပါတီပွဲလုပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲနေကြသူ ၂၁ ဦးကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။

အဆိုပါစံအိမ်မှာ ဒေသတွင်း ထင်ရှားသည့် နိုင်ငံရေးသမားဟောင်းတစ်ဦး၏ ဇနီး ပိုင်ဆိုင်သည့်အိမ်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ပစ္စည်းပို့သူ (Rider) အဖြစ် ဟန်ဆောင်ကာ အိမ်အတွင်းသို့ အရင်ဝင်ရောက်၍ အခြေအနေကြည့်ရှုပြီး စံအိမ်ကို စီးနင်းခဲ့ခြင်းဖြစ်သည်။

စီးနင်းချိန်တွင် အိမ်အတွင်း၌ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့ ပါတီပွဲကျင်းပကာ သောက်စားပျော်ပါးနေကြပြီး အခင်းဖြစ်နေရာမှ ကေတမင်း၊ အိုက်စ် နှင့် အက်စတာစီ မူးယစ်ဆေးဝါးအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို မူးယစ်ဆေး သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးနေပြီး၊ စုံစမ်းချက်များအရ မူးယစ်ဆေးဝါးများကို အွန်လိုင်းမှတစ်ဆင့် မှာယူကာ ကလပ်များနှင့် အိမ်များတွင် လှည့်လည်ပါတီပွဲလုပ်လေ့ရှိကြောင်း သိရသဖြင့် ပါဝင်ပတ်သက်သူ ကွန်ရက်တစ်ခုလုံးကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts