Homeသတင်းရနောင်းနယ်စပ်သို့ နေရပ်ပြန်ပို့ခံရသည့် မွန်လူငယ်တစ်ဦး အဆက်အသွယ်မရဘဲပျောက်ဆုံး

ရနောင်းနယ်စပ်သို့ နေရပ်ပြန်ပို့ခံရသည့် မွန်လူငယ်တစ်ဦး အဆက်အသွယ်မရဘဲပျောက်ဆုံး

-

ထိုင်း-မြန်မာရနောင်းနယ်စပ်တွင် ပြီးခဲ့သည့် ဇူလိုင်လက နေရပ်ပြန်ပို့ခံထားရသည့် မုဒုံမြို့နယ်၊ ဖယ်ဒိုကျေးရွာမှ အသက် ၂၀ ကျော် မွန်လူငယ်တစ်ဦး ၃ လကြာသည်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူများက IMNA သို့ပြောသည်။

ရနောင်းနယ်စပ်သို့ ရောက်ရှိစဉ် မိသားစုထံ ငွေကြေး သိန်း ၈၀ နှင့် အိမ်ထောင်စု၊ မှတ်ပုံတင်အချက်အလက်များ တောင်းခံသည့် ဖုန်းခေါ်ဆိုမှုတစ်ကြိမ်ရရှိပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း မိသားစုနှင့် နီးသည့် မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ထိုင်းမှာအဖမ်းခံထိပြီးတော့ သူ့ကိုပြန်ပို့လိုက်ကတည်းက အဆက်သွယ်မရတော့ဘူး၊ နယ်စပ် ရောက်တာနဲ့ ဆက်သွယ်တယ်။  ပြီးတော့ ငွေကိုလည်း ၈၀ တောင်းတယ်။ အဲ့တာကို ချက်ချင်းမပေးနိုင်လို့လားမသိဘူး ပြန်ရွေးခွင့်မရှိခဲ့ဘူး။ ” ဟု ၎င်းကပြောသည်။

ငွေကြေးတောင်းခံသည့် ဖုန်းခေါ်ဆိုမှုကြောင့် စစ်မှုထမ်းသင်တန်းအတွက် စုဆောင်းခံထားရကြောင်း မိသားစုဝင်များက ယူဆနေကြသည့်အပြင် အဆက်အသွယ်တစ်စုံတစ်ရာမရရှိသဖြင့် ပျောက်ဆုံးသူလူငယ်၏ အသက်အန္တရာယ်အပေါ်လည်း စိုးရိမ်နေကြသည်။

အဆိုပါလူငယ်နှင့် ဘန်ကောက်အချုပ်စခန်းတစ်ခုတွင် ၃ လကြာ ထိန်းသိမ်းခံထားရစဉ်က မိသားစုနှင့် အဆက်အသွယ်မပြတ် ရရှိနေခဲ့သေးကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ လဝကစခန်း၊ အချုပ်စခန်းများတွင် မူးယစ်ဆေးမှု၊ လောင်းကစားမှုနှင့် တရားမဝင် အထောက်အထားမပြည့်စုံမှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များမှ နေရပ်ပြန်ပို့နိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေသည်။

စစ်အုပ်စုကလည်း ပြန်ပို့ခံရသူများကိ ကော့သောင်းဘက်ကမ်းတွင် စာရင်းဇယားများနှင့်တကွ အသင့်စောင့်ဆိုင်းကာ ကော့သောင်းအခြေစိုက်တပ်ရင်းသို့ တိုက်ရိုက်ပို့ဆောင်နေသည်ဟု စစ်မှုထမ်းအရေး စောင့်ကြည့်နေသည့် FE 5 Tanintharyi မှတာဝန်ရှိသူကပြောသည်။

“ကော့သောင်းဘက်ပြန်လွှဲတာက လူရာချီကို လတိုင်းရှိနေဆဲပါ။ စစ်အုပ်စုက အလုပ်သမားသံအရာရှိနဲ့ ထိုင်းအာဏာပိုင်တွေ ချိတ်ဆက်ပြီး အချုပ်ထဲ လူ ၉၀ ၊ ၁၀၀ ပြည့်တာနဲ့ တန်းလွှဲတယ်။ စစ်တပ်က ပြန်လွှဲလာတဲ့လူငယ်တွေကို စစ်မှုထမ်းစုဆောင်းဆေနဆဲလို့ပဲ ပြောရမယ်” ဟု ၎င်းကပြောသည်။

ရနောင်းနယ်စပ်မှတစ်ဆင့် အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းသို့ရောက်ရှိနေသည့် မုဒုံမှမွန်လူငယ်တစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ရေးမြို့နယ်တစ်ပွဲတစ်ခုအတွင်း သေဆုံးသွားခဲ့ရသည့် ဖြစ်လည်းရှိခဲ့သည်။

၂၀၂၆ ခုနှစ် ၅ လတာအတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကလေးငယ်များအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ ၇၆၅ ဦးနေရပ်ပြန်ပို့ခံရသည်ဟု FE 5 Tanintharyi ၏ အချက်အလက်များအရသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts