Homeသတင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းတွင် စာသင်ကျောင်းနှင့် နေအိမ် ၄၂ လုံး ထိခိုက်ပျက်စီး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းတွင် စာသင်ကျောင်းနှင့် နေအိမ် ၄၂ လုံး ထိခိုက်ပျက်စီး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်း စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်များအပါအဝင် နေအိမ်အလုံး ၄၂ လုံး ထိခိုက်ပျက်စီးသည်ဟု KNU သထုံခရိုင်၏ အချက်အလက်များအရ သိရသည်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေအတွင်းရှိ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာထဲကို စက်တင်လာလ ၁၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်ခန့်က စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယိုကလား (ကြသောင်းဆိပ်) ကျေးရွာ အနောက်ပိုင်းရှိ စာသင်ကျောင်း အဆောက်အဦး ၃ လုံး၊ ဝန်ထမ်း အိမ်ရာ ၁ လုံး၊ နေအိမ် ၂ လုံးနှင့် ကျေးရွာအရှေ့ပိုင်းရှိ စာသင်ကျောင်း အဆောက်အဦး ၂ လုံးအပါအဝင် လူနေအိမ် ၃၆ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဟု KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

“စာသင်ကျာင်းဆောင်တွေ လူနေအိမ်တွေ ထိခိုက်ပျက်စီးတယ်။ လူတွေတော့ ထိခိုက်တာ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ည ၁၁ နာရီ ၄၄ မိနစ် အချိန်ခန့်တွင်လည်း ကတိုင်ဒိရှိ စစ်တပ်မှ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာအနောက်ခြမ်းသို့ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KNU သထုံခရိုင်က ဆိုသည်။

ကတိုင်ဒိရှိ စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလူထုပိုင်လုပ်ငန်းခွင်များနှင့် စိုက်ပျိုးခြံများ ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်တပ်က အာဆီယံ ဘုံသဘောတူညီချက် (Five-Point Consensus) အား လိုက်နာဆောင်ရွက်ခြင်း မရှိပဲ နိုင်ငံတစ်၀န်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများသို့ လေယာဉ်များ၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်း သော်လည်းကောင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် စစ်ရာဇ၀တ်မှုဆိုင်ရာများအား နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက် ရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts