Homeသတင်းKTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦး KNLA ထံ ပြန်လည်ဝင်ရောက်

KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦး KNLA ထံ ပြန်လည်ဝင်ရောက်

-

ကရင်အမျိုးသားအစည်းအရုံး KNU၊ မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ထံ ကော်သူးလေတပ်မတော် KTLA ဆာကပေါ်တပ်ရင်းက တပ်ဖွဲ့ဝင် ၂၅ ဦး ပြန်လည်ဝင်ရောက်သည်ဟု KNU မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ထုတ်ပြန်သည်။

ပြန်လည်ဝင်ရောက်သည့် KTLA ဆာကပေါ်တပ်ရင်းမှူး ဗိုလ်စောအဲဖိုးနှင့် တပ်ရင်းတာဝန်ရှိသူများ၊ တပ်သားများကို KNU မြိတ်ထားဝယ်ခရိုင်က စက်တင်ဘာလ ၂၁ ရက်နေ့တွင် အခမ်းအနားဖြင့် ပြန်လည်ကြိုဆိုခဲ့သည်။

ဆာကပေါ်တပ်ရင်း ခေါင်းဆောင်များနှင့် ရဲ‌ဘော်များကို KNLA တပ်မဟာ(၄) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလေးသိန်းက ကြိုဆိုဂုဏ်ပြစကား ပြောကြားခဲ့ပြီး၊ မြိတ်ထားဝယ်ခရိုင် ခရိုင်ဥက္ကဌ ပဒိုစောဖလို့စိုးဝင်း၊ တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထော၊ မြိတ်ထားခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားနှင့် ပဒိုစောအော်ကော်တို့ကလည်း တိုက်တွန်းအားပေးစကား ပြောကြားခဲ့သည်။

KTLA ဆာကပေါတပ်ရင်းမှူး ဗိုလ်စောအဲဖိုးကလည်း ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကို ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ KNLA တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ခဲ့သည်ဟုလည်း KNU မြိတ်ထားဝယ်ခရိုင်က ဆိုသည်။

ကော်သူးလေတပ်မတော် (KTLA) သည် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကနေ ခွဲထွက်ပြီး ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts