Homeသတင်းထိုင်းနိုင်ငံ မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲမှ ကိုယ်စားလှယ် ၅ ဦးကို အတည်ပြုရွေးချယ်

ထိုင်းနိုင်ငံ မွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲမှ ကိုယ်စားလှယ် ၅ ဦးကို အတည်ပြုရွေးချယ်

-

ထိုင်းနိုင်ငံ၊ ရာတ်ချဘူရီခရိုင်၊ ဘာန်ပေါင်မြို့နယ်၊ ဝပ်ယိုင်နခွန်ချွန်ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် ထိုင်းမွန်မျိုးနွယ်စု စုံညီတွေ့ဆုံပွဲမှ မွန်တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ် ၅ ဦးအား ရွေးချယ်အတည်ပြုနိုင်ခဲ့ကြောင့်  သိရသည်။

တိုင်းရင်းသာမျိုးနွယ်စု ဥပဒေရေးဆွဲရေးနှင့် ထိုင်းနိုင်ငံအတွင်းရှိ အခြားတိုင်းရင်းသားမျိုးနွယ်များကြား လူမျိုး၊ဘာသာ၊ ယဉ်ကျေးမှု ကိစ္စများ အတူတကွလက်တွဲဆောင်ရွက်ရန် ထိုင်းနိုင်ငံအတွင်းရှိ မွန်မျိုးနွယ်စုများအတွက် ကိုယ်စားပြုသူ လိုအပ်လာနေသည်။

ထို့ကြောင့် နွန်ထဗူရီခရိုင်၊ ဘန်ကောက်မြို့၊  ရတ်ချ်ဘူရီ၊ ဖက်ချ်ဗူရီနှင့် ကန်ချနဘူရီခရိုင်မှ ထိုင်းမွန်တိုင်းရင်းသားများအတွက် ကိုယ်စားပြုသူ ၅ ဦးကို စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သည့်  စုံညီတွေ့စုံပွဲတွင် တက်ရောက်လာသူများက သဘောတူ  ရွေးချယ်တင်မြှောက်ခဲ့သည်။

ရွေးချယ်ထားသည့် ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်နိုင်မှုနှင့် ထိုင်းနိုင်ငံရှိ မွန်မျိုးနွယ်စုများ၏ သဘောထားကိုလည်း မေးမြန်းအတည်ပြုခဲ့ကြောင်းလည်း ဘန်ကောက်မွန်ကပ်မှ ဥက္ကဌ နိုင်တိုင်းပကောင်းက IMNA သို့ ပြောသည်။

 “ပြီးခဲ့တဲ့လက လုပ်တဲ့အစည်းအဝေးက ကိုယ်စားလှယ် ၅ ယောက်၊ အရံ ကိုယ်စားလှယ် အနေနဲ့ ၅ ယောက် ရာထားတာပေါ့၊ နောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ် အနေနဲ့ ရွေးချယ်တာကို အကြမ်းဖျင်းအနေနဲ့ ရွေးချယ်ပြီးပြီး၊ ပေးထားတဲ့တာဝန်ကို လုပ်ဆောင်နိုင် လုပ်ဆောင်မနိုင်၊ ဒီလူတွေက ကိုယ်စားလှယ်ဖြစ်သင့်ရဲ့လား၊ ဒီထိုင်းမှာရှိတဲ့ မွန်တွေအားလုံးကို သွားရောက်ကူညီနိုင်လား၊ ဒီထိုင်းကမွန်တွေရဲ့ သဘောတူမတူကအစ မေးမြန်းတာမျိုး တွေပေါ့နော်” ဟု၎င်းကပြောသည်။

ယခုတွေ့ဆုံပွဲကို ထိုင်းနိုင်ငံ မြို့နယ် ၃၂ မြို့နယ်မှ မွန်လူမျိုးများ လာရောက်ရန် မျှော်လင့်ထားသော်လည်း သွားလာရေးအခက်အခဲကြောင့် မြို့နယ် ၂၀ မှကိုယ်စားလှယ်များသာ ရောက်ရှိလာသည်ဟု ဘန်ကောက်မွန်ကလပ်မှဥက္ကဌ နိုင်တိုင်ပကောကဆိုသည်။

ထိုင်းနိုင်ငံတွင် အတည်ပြုထားသည့် တိုင်းရင်းသား မျိုးနွယ်စု ၇၀ နီးပါးခန့်ရှိပြီး မိခင်ဘာသာစကား အသုံးပြုပြောဆိုမှု မရှိတော့သည့်အတွက် ဒေသအလိုက် တိမ်ကောပျောက်ကွယ်ခဲ့ရသည်။

ထိုင်းအစိုးရ အသိအမှတ်ပြုထားသည့် ၂၀၂၅ ဥပဒေအရ တိုင်းရင်းသား မျိုးနွယ်စု ကွန်ယက် ၆၀ ရှိပြီး လူနေမှုဘဝ ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ မှတ်ပုံတင်နိုင်ရန် ကြေညာထားသည့်အပေါ် ထိုင်းနိုင်ငံရှိ မွန်တိုင်းရင်းသားများအနေဖြင့် လိုအပ်သည့် အချက်အလက်များ စုစည်း ပြင်ဆင်နိုင်ရန်နှင့် ကိုယ်စားလှယ်ရွေးချယ်ရေး အပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် အစည်းအဝေးကျင်းပခြင်းဖြစ်သည်။

တွေ့ဆုံပွဲ ညနေပိုင်းတွင် ၈၀ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို မတ်လခန့်၌ ဝပ်ယိုင်နခွန်ချွန် ဘုန်းကြီးကျောင်း ကျင်းပသွားမည့်အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts