Homeသတင်းထိုင်းနိုင်ငံတစ်ဝန်း ၃ ရက်ဆက်တိုက် မိုးဆက်ကြီးနိုင်ဟု (TMD) သတိပေး

ထိုင်းနိုင်ငံတစ်ဝန်း ၃ ရက်ဆက်တိုက် မိုးဆက်ကြီးနိုင်ဟု (TMD) သတိပေး

-

ထိုင်းမိုးလေဝသနှင့် ဇလဗေဒ (TMD) မှ  စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတို့တွင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

မိုးရေချိန် စုပုံလာပါက ရုတ်တရက် ရေကြီးရေလျှံမှုနှင့် တောင်ကျရေစီးဆင်းမှုများ  ဖြစ်ပေါ်နိုင်သဖြင့် ရေလမ်းကြောင်းအနီးရှိ တောင်ခြေလျှောပါးများနှင့် နိမ့်ပါးသော ဒေသများတွင် အထူးသတိပြုရန် TMD က အကြံပြုထားသည်။

စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အတွင်း ခရီးသွားလာသူများအနေဖြင့် ရေမကြာခဏ ကြီးလေ့ရှိသည့် လမ်းကြောင်းများ၊ အထူးသဖြင့် ရေတိုရေဝပ်နိုင်သည့် နိမ့်ပါးသော လမ်းများကို ရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။

ကပ္ပလီပင်လယ်ပြင်အတွင်းရှိ လှေငယ်များအနေဖြင့် သတိပေးထားသည့် ၃ ရက်တာအတွင်း ကမ်းကပ်ရပ်နားသင့်ကြောင်းနှင့် ရေယာဉ်မှူးများအနေဖြင့် သတိထား မောင်းနှင်ကြရန်နှင့် မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်နေသည့် ဧရိယာများကို ရှောင်ရှားကြရန် သတိပေးထားသည်။

တရုတ်နိုင်ငံမှ အထက်လေဝယ် လေဖိအားမြင့်စနစ် (သို့မဟုတ်) လေအေးထုသည် မြောက်ပိုင်းအထက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း အထက်ပိုင်းသို့ တိုးဝင်လာမည်ဟု မျှော်လင့်ရကြောင်း TMD က ဆိုသည်။

ထိုသို့ တိုးဝင်လာသော လေအေးထုသည် မုတ်သုံလေထုဖိအားနည်းရပ်ဝန်းကို အလယ်ပိုင်းအောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းအထက်ပိုင်းတို့ဘက်သို့ တောင်ဘက်သို့ တွန်းပို့ပေးမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts