Homeသတင်းထိုင်းနိုင်ငံအတွင်း ကုန်းလမ်းဖြင့်ဝင်ရောက်ပါက တစ်နှစ် ၂ ကြိမ်သာ ဗီဇာကင်းလွတ်ခွင့်ပြု

ထိုင်းနိုင်ငံအတွင်း ကုန်းလမ်းဖြင့်ဝင်ရောက်ပါက တစ်နှစ် ၂ ကြိမ်သာ ဗီဇာကင်းလွတ်ခွင့်ပြု

-

ထိုင်းအစိုးရသည် ဗီဇာကင်းလွတ်ခွင့်ဖြင့် ကုန်းလမ်းနယ်စပ်များမှတစ်ဆင့် ဝင်ရောက်မည့် နိုင်ငံခြားသား ခရီးသွားများအား တစ်နှစ်လျှင် ၂ ကြိမ်သာ ခွင့်ပြုတော့မည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ စာရင်းတွက်ချက် မှတ်တမ်းတင်သွားတော့မည် ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဗီဇာမူဘောင်အပြောင်းအလဲကို ဩဂုတ်လ ၃၁ ရက်နေ့က ထိုင်းတော်ဝင်ပြန်တမ်း (Royal Gazette) တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့ပြီး စက်တင်ဘာ ၁၅ တွင်စတင် အသက်ဝင်မည်ဖြစ်သည်။

သို့သော် လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံအတွင်းသို့ လာရောက်မည့် နိုင်ငံခြားသားခရီးသွားများသည် ယခုကဲ့သို့ ကုန်းလမ်းနယ်စပ် ဝင်ရောက်မှု အကြိမ်ရေ ကန့်သတ်ချက်တွင် အကျုံးဝင်မည်မဟုတ်‌ပေ။ လေယာဉ်ဖြင့် ယခင်စည်းမျဉ်းများနှင့်အညီ ပုံမှန်ဝင်ထွက်သွားလာနိုင်မည်ဟုလည်း သိရသည်။

အိမ်နီးချင်းနိုင်ငံအချို့ဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဘရူနိုင်းနိုင်ငံသားများသည် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုများအရ ယခုကဲ့သို့ ကုန်းလမ်းဝင်ရောက်မှု နှစ်ကြိမ်ကန့်သတ်ချက်မှ ဆက်လက်ကင်းလွတ်ခွင့် ရရှိနေမည် ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း ၃၀ ထက် ပိုမိုကြာရှည်စွာ နေထိုင်ရန် အစီအစဉ်ရှိသည့် ခရီးသွားများ သို့မဟုတ် နယ်စပ်ဖြတ်ကျော် ဝင်ထွက်မှု အကြိမ်ရေများပြားသူများအနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ကိုက်ညီသည့် ဗီဇာအမျိုးအစား တစ်ခုခုကို ကြိုတင်လျှောက်ထား ရယူရမည် ဖြစ်သည်။

လျှောက်ထားနိုင်သည့် ဗီဇာများတွင် Tourist (ကမ္ဘာလှည့်ဗီဇာ)၊ DTV (ဒစ်ဂျစ်တယ်နိုမတ်ဗီဇာ)၊ Retirement (အငြိမ်းစားဗီဇာ) သို့မဟုတ် Non-Immigrant B (အလုပ်လုပ်ကိုင်ခွင့်ဗီဇာ) တို့ ပါဝင်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့မတိုင်မီ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွားများသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးထုထားသော သက်တမ်းကုန်ဆုံးရက်အထိ နေထိုင်နိုင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts