Homeသတင်းပင်လယ်ပြင်စစ်ဆင်ရေးအပြီး USS Abraham Lincoln လေယာဉ်တင် သင်္ဘောအုပ်စု ထိုင်းသို့ ဆိုက်ကပ်

ပင်လယ်ပြင်စစ်ဆင်ရေးအပြီး USS Abraham Lincoln လေယာဉ်တင် သင်္ဘောအုပ်စု ထိုင်းသို့ ဆိုက်ကပ်

-

အမေရိကန် စစ်သင်္ဘော USS Abraham Lincoln လေယာဉ်တင်သင်္ဘော အုပ်စုသည် အရှေ့အလယ်ပိုင်းဒေသ၌ ၇ လနီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အနားယူရန်နှင့် ရိက္ခာဖြည့်တင်းရန်အတွက် ထိုင်းနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် အသီးသီးဆိုက်ရောက်လာခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

 ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သော တာဝန်ဝတ္တရားများအပြီး ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ပတ္တယား ဆိပ်ကမ်းသို့ ခေတ္တရပ်နားခြင်းဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

Carrier Strike Group 3 ၏ တပ်မှူး Rear Adm. Robert E. Loughran က ဤခရီးစဉ်သည် ရေတပ်သားများနှင့် မရိန်းတပ်ဖွဲ့ဝင်များကို အနားယူခွင့်ပေးသည့် ခရီးဖြစ်သည့်အပြင် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့၏ မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့သည်။

USS Abraham Lincoln ၏ ကပ္ပတိန် Dan Keeler က ထိုင်းနိုင်ငံသည် ၎င်းတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပထမဆုံး လာရောက်သည့် ဆိပ်ကမ်းဖြစ်ပြီး နှစ်နိုင်ငံအကြား နားလည်မှုကို တိုးတက်စေမည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ၁၈၃၃ ခုနှစ် ချစ်ကြည်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်မှစ၍ အမေရိကန်၏ စာချုပ်ဝင် မဟာမိတ်ဖြစ်ခဲ့ပြီး အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းတွင် အမေရိကန်၏ တစ်ဦးတည်းသော စာချုပ်ဝင် မဟာမိတ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံသည် နှစ်စဉ် Cobra Gold စစ်ရေးလေ့ကျင့်မှုကိုလည်း ပူးတွဲကျင်းပလေ့ရှိသည်။

လက်ရှိတွင် သင်္ဘောအုပ်စုသည် အင်ဒို-ပစိဖိတ် ဒေသအများစုကို လွှမ်းခြုံထားသည့် အမေရိကန် အမှတ် (၇) ရေတပ်စု ဧရိယာအတွင်း ပုံမှန်စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

သင်္ဘောသည် ညအချိန် ပွဲလမ်းသဘင်နှင့် လိင်ဖျော်ဖြေရေးခရီးသွားလုပ်ငန်းကြောင့် လူသိများသည့် ပတ္တယားကမ်းခြေတွင် ဆိုက်ကပ်ထားခြင်းဖြစ်သဖြင့် ထိုင်းအာဏာပိုင်များက USS Abraham Lincoln လေယာဉ်တင်သင်္ဘောနှင့်အတူ လိုက်ပါလာသည့် အမေရိကန် စစ်မှုထမ်း အမျိုးသား၊ အမျိုးသမီးများအတွက် သွားရောက်ခွင့် ပိတ်ထားသည့် နေရာအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

ကိုးကား- Khaosod English 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts